ချစ်ခြင်းမေတ္တာ နဲ့ပတ်သက်လို့ လူတစ်ယောက်ထဲထံမှ စစ်မှန်တဲ့ချစ်ခြင်းတွေရ ရှိတယ်လို့ သမီး သတ်မှတ်ယုံခဲ့တုန်းကတော့ သမီး ပျော်တယ် ဖေဖေ…… ပျော်ခဲ့တယ် ပေါ့ ……

ချစ်ခြင်းမေတ္တာ နဲ့ပတ်သက်လို့
လူတစ်ယောက်ထဲထံမှ စစ်မှန်တဲ့ချစ်ခြင်းတွေရ ရှိတယ်လို့
သမီး သတ်မှတ်ယုံခဲ့တုန်းကတော့
သမီး ပျော်တယ် ဖေဖေ……
ပျော်ခဲ့တယ် ပေါ့ ……

.လူတွေက ပြောင်းလဲတတ်ကြောင်း
အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပေမယ့်….
ပြောင်းလဲမှူတွေနဲ့ကြုံတိုင်း….သမီး မျက်ရည်ကျတတ်တာ
ပျော့ညံ့ချက်တစ်ခုလို ပဲ ဖေဖေ …….

စိတ်မကောင်းဖြစ်တယ် ဖေဖေ…..
သမီးကို ဘယ်သူမှနားမလည်တဲ့ခါ….
နားလည်ချင်ယောင်ဆောင် တဲ့ခါ…
္ပသမီး သိပ်ပြီး စိတ်မကောင်းဖြစ်မိတယ်….ဖေဖေ

ဟိုး ….အဆိုးဆုံးထိ နိမ့်ကျသွားတဲ့ စိတ်ဓာတ်.တွေအကြောင်း ဘယ်သူက နားထောင်ချင်မလဲဖေဖေ……

အကောင်းဆုံးတွေတွေးထားပြီး အဆုံးစွန်မာ
အဆုံးသတ်ခြင်းတွေက လှပ နေမလား????
အတတ်နိုင်ဆုံးအကောင်းဘက်တွေးထားပါသော်လည်း……
မလှပလာပါဘူး………ဖေဖေ

သမီး မပျော်ဘူး ဖေဖေ သမီး တစ်စုံတစ်ခုဆုံးရှူံးသွားသလိုမျိုး
ဆုံးရှူံးရတော့မလိုမျိုး အတင်းကျပ်ဖက်တွယ်ထားနေမိသလိုမျိုး…
ညတွေမှာ..အိပ်မရဘူး ဖေဖေ…..

သမီး သိပ် စိတ်ဓာတ်ကျတယ်…ဖေဖေ

ဘယ်ရင်ခွင်ပြေးငိုရမလဲ???
ရေးလက်စ စာရွက်တွေဆုတ်ဖြဲပြစ်လိုက်တာမျိုး
အဝေးကိုငေးကြည့်မိတာမျိုး…..
လောကမှာမရှိတော့တဲ့ ဖေဖေကို သတိရနေမိတာမျိုး
တစ်မိုးအောက်မာ မဆုံဆည်းနိုင်သော သူတစ်ယောက်ကို
သတိရနေမိတာမျိုး……
ဘယ်ရင်ခွင်ပြေးငိုရမလဲ ဖေဖေ…

တယုတယ ကြည့်မိသော ပန်းပွင့်လေးတွေညှိုးသွားတယ်
ထွက်သွားကြတယ်
ငှက်ကလေးတွေလို အဝေးဆုံးသောအရပ်သို့ ပျံသန်းသွားကြတယ်…….. ဖေဖေ…….

ဘာမှမဖြစ်သလိုနေထိုင်ရင်း……
သမီး ပင်ပန်းလွန်းတယ် ဖေဖေ….

21.11.2017
*FLOWER*

Leave a Reply

Your email address will not be published. Required fields are marked *