ကျန်ရစ်ခဲ့ရင် နာကျင်မယ်ဆိုတာ သိလျက် သူထားရစ်ခဲ့တာ

မချစ်တော့ဘူးးလို့
အကြိမ်ကြိမ် ပြောနေချိန်
ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေတာ

မလွမ်းဘူးလို့
အကြိမ်ကြိမ် ပြတ်သားနေချိန်
အသက်ရှုရပ်မတတ် သတိရနေတာ

မငိုပါဘူးလို့
အကြိမ်ကြိမ် အားပေးနေချိန်
ပါးနှစ်ဖက်က ပူနွေးစ ပြုလာတာ

ရင်ထဲက ဒဏ်ရာကို
လူ အများမမြင်အောင်
ထိန်းထားနိုင်ခဲ့ပေမယ့်

ကျွန်မ မျက်ရည်တွေကို
ခေါင်းအုံးလေးက အသိဆုံး…

ဖြစ်ချင်ခဲ့တာ
အပြုံးနဲ့နှစ်ယောက်စလုံး
ပျော်ရွှင်စွာ ဇာတ်သိမ်းခြင်း

ဖြစ်နေရတာ
ကျန်ရစ်ခဲ့သူ ကျွန်မ
တစ်ယောက်ကသာ
မျက်ရည်နဲ့ဇာတ်သိမ်းခြင်းးးး

သူ့ရင်ထဲမှာ နာကျင်နေမလားး??
ကျွန်မ မစာနာနိုင်ဘူးး
သူက ကျွန်မ ကို စွန့်ပစ်ခဲ့တာပါ
သူ့ရင်ထဲမှာ ကျွန်မ ဆိုတာကို
မလိုအပ်တော့လို့
ထားပစ်ခဲ့တာပါ…
ကျွန်မ ဆွဲထားခဲ့တဲ့လက်ကို
ပစ်ချ ကျွန်မ ကို
တွန်းထုတ်ခဲ့တာပါ…

ဒါ ကျွန်မ အချစ်ကို
အမွန်းတင်နေခြင်း မဟုတ်

ကျန်ရစ်ခဲ့လျှင် နာကျင်မယ်ဆိုတာ
သိလျက်
သူထားရစ်ခဲ့တာ
သူ မစာနာခဲ့တာ

ကျန်ရစ်ဖြစ်ခဲ့တဲ့ကျွန်မ
ဘယ်လို နားလည်မှုမျိုးနဲ့
ဘယ်လောက်ထိ နားလည်ပေးပြီး
ထားရစ်ခဲ့သူ ရင်ထဲကို
စာနာပေးနိင်ပါ့မလဲ???

ကျွန်မ ရင်ထဲက ဒဏ်ရာ
ပျောက်ဆုံးသွားခဲ့သော
အသက်ဝင်သော အပြုံးး

လမ်းခွဲပြီးမှတော့
ဘာ ထပ်မျှော်လင့်ရမလဲ???

ပိုင်ဆိုင်ခွင့်ဆိုတာ
ကျွန်မ နဲ့ လုံးဝ မသက်ဆိုင်ခြင်း

ဘာမှ မဖြစ်ပါဘူးး
အရင်ကလည်း
ခုလို တစ်ယောက်ထဲ နေလာခဲ့တာ
သူ မရှိတော့လို့
ကျွန်မ ရဲ့ ချစ်တတ်တဲ့ နှလုံးသားလေး
သေဆုံးသွားတာ…

ခု ကျွန်မ

သူနဲ့ပဲ ကျွန်မ နှုတ်ဆက်လိုက်ရတာ…

လောကကြီးနဲ့ နှုတ်ဆက်ခွင့်မရှိသေးဘူး…

ရှေ့ဆက်ရမှာပဲ နာကျင်ခြင်းများစွာကို
အပြုံး အဖြစ် ရပ်တည်နေသော
မိန်းကလေးအဖြစ်…

27.10.2015
#JuJu#

Leave a Reply

Your email address will not be published. Required fields are marked *