ထာဝရဆိုတာ ပြောင်းလဲတတ်တဲ့ အရာ … ဒါကို သိရှိခဲ့ပြီ
သူ
ကျွန်မ ကို ချစ်ရက်နဲ့
လမ်းခွဲခဲ့တယ်ဆိုတာကို
ယုံကြည်နေခဲ့တာ
ပြီးခဲ့တဲ့ နာရီအနည်းငယ်လောက်က
အထိ…
သူ့ အတွက်
ကျွန်မ က
စိတ်ရှုပ်စရာ ဖြစ်နေခဲ့ပြီဆိုတာ
ကျွန်မ တကယ် မသိခဲ့တာပါ……
ကျွန်မ ဖုန်းဆက်တော့
သူ ပျော်နေမယ်ထင်ခဲ့တာ
ပြီးခဲ့တဲ့ နာရီ အနည်းငယ်လောက်က
အထိ…
အားနာလို့ပြန်ပြောခြင်းဆိုတာ
ကျွန်မ
တကယ် မသိခဲ့တာပါ…
ကျွန်မ Message တွေ
သူ မအားတဲ့ကြားက
” Reply ” တာ
သူ ကျွန်မ ကို အလေးနက်ထားနေတုန်းပါလား ဆိုပြီး
ထင်ခဲ့တာ
ပြီးခဲ့တဲ့ နာရီ အနည်းငယ်လောက်က
အထိ
မကောင်းတတ်လို့ Reply ခြင်းဆိုတာ
ကျွန်မ
တကယ်မသိခဲ့တာပါ…
သူ ကျွန်မ ကို
“ကျန်းမာရေးဂရုစိုက်
လိမ်လိမ်မာမာနေနော်
မိသားစုနဲ့အဆင်ပြေအောင်နေလို့”မှာတာ
သူ ကျွန်မ ကို
စိတ်ပူလို့ဆိုပြီး ထင်ခဲ့တာ
ပြီးခဲ့တဲ့ နာရ်ီအနည်းငယ်လောက်က
အထိ
သနားလို့ ပြန် ဂရုစိုက်ပြခြင်းဆိုတာက
ကျွန်မ
တကယ်မသိခဲ့တာပါ……
သူ့စိတ်ထဲမှာပါ
“Block” ထားပြီဆိုတာ
ကျွန်မ တကယ်မသိခဲ့တာပါ…
သိခဲ့ရင်
“……” ဆိုတဲ့ ph no ကို
ဘယ်တော့မှ
မခေါ်မိအောင် Delete ထားမိမှာ…
စိတ်ထဲက အလိုလိုမှတ်မိနေရင်တောင်
မခေါ်မိအောင်
မဖြစ်ဖြစ်တဲ့နည်းနဲ့ တားမိမှာပါ
တချိန်ချိန်မှာဆိုတဲ့
“အိမ်မက်တွေ ကို
စိတ်ကူးယဉ်ခြင်းသက်သက်
ချပြခဲ့တာကို
အမှန်တကယ်ထင်မှတ်နေခဲ့တာ”
နောက်ဆုံးမှာ ပြောတဲ့စကား
ကျွန်မ ph no ကို ပြန်
“block “ထားပါရစေတဲ့လားး??
“ကျွန်မ နဲ့ လုံးဝ အဆက်သွယ်မရချင်တော့လို့ပါတဲ့လားး???”
ဒီစကား ကြားတဲ့ချိန်
ခနတာ နောက်တကြိမ်
အသက်မဲ့သွားတရ်…
လျှောက်လှမ်းနေတဲ့ခြေလှမ်းတွေတောင်
မခိုင်ပဲလဲကျသွားတရ်
“စွမ်းတယ် ရှင့် စကားတစ်ခွန်းက
တော်တော် အစွမ်းထက်တယ်”
ကျွန်မ
အတုယောင် မျက်နာဖုံးထက်က
စကားတွေကို ယုံကြည်နေခဲ့ပြီး
ရှင့်စိတ်အမှန်ကို မသိခဲ့လို့ပါ…
ဒီနေ့ က စ မျှော်လင့်ချက်ဆိုတဲ့အရာတွေကို
ကျွန်မ ကိုယ်တိုင် ရိုက်ချိုးမယ် …
ဒီနေ့က စ
ရှင့်ကို ခွင့်လွှတ်ပါတရ်ဆိုတဲ့
နားလည်ခြင်းကို
ကျွန်မ ကိုယ်တိုင် အမုန်းအဖြစ်
ပြောင်းလဲမယ်…
ရှင်နာကျင်မှာဆိုးလို့
အရာရာ နားလည်ပေးနေခဲ့တဲ့
ကျွန်မ ကို
ရှင်က နာကျင်စရာတွေ ပေးတရ်
Ok!ဒီလောက်ဆိုရင် ရပြီ
ထာဝရဆိုတာ ပြောင်းလဲတတ်တဲ့
အရာ …
ဒါကို သိရှိခဲ့ပြီ
ဒါ နောက်ဆုံးးးးးးး
“ရှင် ဘဝ အတွက် မရှိမဖြစ်ပါဆိုတဲ့
ကျွန်မ ”
#JuJu#