သူ့အပေါ် ဘယ်တုန်းကမှ အသုံးမချခဲ့တဲ့ မာန လေး ထားလိုက်စမ်းပါ…
ထားခဲ့ချင်တဲ့ သူကို
မတားချင် စမ်းနဲ့
” ထွက်သွားလိုက် “လို့သာ ပြောလိုက်…
သူ့အပေါ်
ဘယ်တုန်းကမှ အသုံးမချခဲ့တဲ့
မာန လေး ထားလိုက်စမ်းပါ…
နှောက်ယှက်ခွင့်မပေးစမ်းနဲ့
အလိမ်ညာ စကားတွေ
မောင်းထုတ်လိုက်စမ်း
အမှတ်တရတွေ
မေ့ပစ်ထားလိုက်စမ်း
မငိုနဲ့
နားမထောင်စမ်းနဲ့
အလွမ်း သီချင်းတွေ
ပြန်လာပါ မပြောချင်စမ်းနဲ့ …
ထားခဲ့ပြီဆိုကတည်းက
ပြန်လာဖို့ မဟုတ်ဘူးး…
အနာဂတ်ကို ယူဆောင်မသွားချင်စမ်းနဲ့
အတိတ်တွေကို …
သူ အဆင်ပြေပါ့မလား တွေးမနေစမ်းနဲ့
သူ့ဘက်က စ လမ်းခွဲခဲ့တာထက်
ပြတ်သားခဲ့တာက
အဖြေပဲ……
#JuJu#