ယောကျာ်းတစ်ယောက်ကို ခုလို ချစ်နေရအောင် ယောကျာ်းအဲ့လောက်ရှားလားးးတဲ့! မေးရက်လိုက်တာ . . .

မေ့ပစ်ဖို့ဆုံးဖြတ်ထားတရ်
မပြတ်သားနိုင်သေးဘူး
ဒါကြောင့် မာနမရှိတဲ့မိန်းမလို့
ကျွန်မ ကို
လူတွေ သတ်မှတ်ကြလိမ့်မယ်…

အချိန်တိုင်း မဟုတ်ပေမယ့်
အမှတ်ရစရာတွေရှိလာတဲ့အခါ
အားရပါရ မောင့်ကို ကျွန်မ
လွမ်းလိုက်တရ် …
” ငါမလွမ်းဘူးလို့ အားတင်းရင်း
မျက်စိစုံမှိတ် အိပ်ပျော်ဖို့ကြိုးစားနေတာက
ကျွန်မအတွက်
ပိုနာကျင် ရလို့ပါ…

စွန့်လွှတ်ခဲ့ခြင်း အတွက်
နာကျင်မှုတွေနဲ့ ရှေ့ဆက်နေတဲ့
ကျွန်မ ကို
ဘယ်သူမှ နားလည်မပေးနိုင်ပါဘူးး…
နားလည်ပေးပါလို့လည်း
မတောင်းဆိုဘူးးး……

တချို့တွေ က မေးကြတရ်…

ယောကျာ်းတစ်ယောက်ကို
ခုလို ချစ်နေရအောင်
ယောကျာ်းအဲ့လောက်ရှားလားးးတဲ့!

ယောကျာ်း မရှားပါဘူးး
ကျွန်မ သူ့ကို ပေးခဲ့တဲ့အချစ်က
ပေါ့ပျက်ပျက် မဟုတ်ခဲ့တဲ့အတွက်
လွယ်လွယ်နဲ့မေ့ပစ်ဖို့ခက်ခဲနေတာပါ…

ကျွန်မ ဘယ်သူ့ကိုမှ
မချစ်ခဲ့ဖူးတဲ့ အချစ်နဲ့
သူ့ကို ချစ်တရ်…

အချစ်ထက် မိသားစု ကို
ရွေးချယ်ခဲ့တဲ့ သူ့စိတ်ကိုလည်း
ဂုဏ်ယူမိတရ်

သူ့မိသားစု ပျော်ရွှင်မှု အတွက်
ကျွန်မ နှလုံးသား နာကျင်မှု
ပေးဆပ်ခဲ့ရပေမယ့်
ကျွန်မ ကျေနပ်တရ်…

သူ့ကို သိပ်ချစ်ခဲ့ဖူးတဲ့
မိန်းကလေးတစ်ယောက်ကို
သူ မမေ့ရက်ပါဘူး…

တစ်နေ့ပေါ့
သူ အခြားတစ်ယောက်နဲ့
လက်တွဲသွားခဲ့ရင်တောင်…
ခွင့်လွှတ်နိုင်ပါတရ်…

ရယူခြင်းအချစ်ထက်
ပေးဆပ်တဲ့ချစ်ခြင်းကို
ကျွန်မ ပို မြတ်နိုးတရ်…

#JuJu#

Leave a Reply

Your email address will not be published. Required fields are marked *