Loading...

ရွှေကြာ ကာရိုက်တာအတွက် အပြင်က ပြည့်တန်ဆာမိန်းက လေးတွေနဲ့လည်း တွေ့ဆုံပြီးတော့ လေ့လာမှုတွေ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာဆိုတဲ့ဖွေးစိန်

“ရွှေကြာဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့အချိန်မှာရော၊
သရုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်ရော၊ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို
ပြန်ကြည့်မိတဲ့အချီန်မှာရောဆိုနှင့်ပြီးတော့ အရမ်းကိုပင်ပန်းတယ်”
– ဖွေးဖွေး

———————————————————————-
ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးတွင် ပြည့်တန်ဆာ မိန်း ကလေးနေရာ၌ ပါဝင်သရုပ်ဆောင်ထားပြီး ရွှေကြာ ကာရိုက်တာအတွက် အပြင်က ပြည့်တန်ဆာမိန်းက လေးတွေနဲ့လည်း တွေ့ဆုံပြီးတော့ လေ့လာမှုတွေ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ
နဲ့ပတ်သက်ပြီးတော့ သရုပ်ဆောင်ဖွေးဖွေးနှင့်ခဏတာ တွေ့ဆုံ ခြင်း ..။

မေး။ ။ ရွှေကြာဇာတ်ကောင်နေ ရာအတွက် ဘယ်လိုမျိုးတွေလေ့လာခဲ့ ရလဲ။

ဖြေ။ ။ရွှေကြာကာရိုက်တာအတွက် သူတို့ရဲ့ဘဝတွေကို လေ့လာတဲ့အချိန် မှာ သူတို့ကိုပိုပြီးတော့ နားလည်လာ တယ်။ ပြီးတော့ ဖွေးတစ်ခုပြောချင် တာက ရွှေကြာလို မိန်းကလေးတွေ အတွက် စင်တာလေးတစ်ခုရှိတယ်။ အဲဒီစင်တာက အခုချိန်မှာ အရမ်း မဖွံ့ဖြိုးသေးဘူး။ သွားလည်းမသွားရဲ ကြသေးဘူး။ သိပ်လည်းမသိကြဘူး။ အဲဒီ စင်တာကိုလည်းသွားခဲ့တယ်။ ရွှေကြာလို မိန်းက လေးတွေနဲ့လည်း တွေ့ပြီးတော့ စကားတွေပြောခဲ့ တယ်။ ရွှေကြာလို မိန်းကလေးတွေကို လေ့လာ တယ်။ စကားတွေပြောတယ်။

မေး။ ။ ရွှေကြာဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိ မျှော်လင့်ထားတာမျိုးရှိလဲ။

ဖြေ။ ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့ ဖွေး ဘက်က မျှော်လင့်ထားတာက ရွှေကြာလို လူမျိုး တွေအတွက် ဥပဒေနဲ့ပတ်သက်တဲ့ အခွင့်အရေး ရ စေချင်တာရယ်။ အားလုံးကို အမှန်တရားကို လက်ခံ စေချင်တာရယ်။ ရွှေကြာလို မိန်းကလေးတွေ ဒီလို မျိုးဘဝကနေပြီးတော့ ရုန်းထွက် စေချင်တာရယ်ပဲ ရှိပါတယ်။

Loading...