Loading...

ငယ်ငယ်ကတည်းက မွေးမြူလာခဲ့တဲ့သခင်ကို ပြန်ကိုက်သတ်ခဲ့တဲ့ ကျားကြီး

ငယ်ငယ်ကတည်းက မွေးမြူလာခဲ့တဲ့သခင်ကို ပြန်ကိုက်သတ်ခဲ့တဲ့ ကျားကြီး
__________________________________________

တရုတ်နိုင်ငံက တိရိစ္ဆာန်ရုံဝန်ထမ်းတစ်ဦးဟာ သားပေါက်ဘဝကတည်းက သူစောင့်ရှောက်လာခဲ့တဲ့ လူယဉ်ပါးကျားတစ်ကောင်ရဲ့ ရက်စက်စွာ ကိုက်သတ်ခြင်းကို ခံခဲ့ရပါတယ်။ တနင်္ဂနွေနေ့တုန်းက မစ္စတာဝူလို့ခေါ်တဲ့ ၎င်းတိရိစ္ဆာန်ရုံဝန်ထမ်းဟာ ဆပ်ကပ်ဖျော်ဖြေမှုအတွက် လေ့ကျင့်တဲ့ သံစကာလှောင်အိမ်ထဲမှာ ကျားကြီးနဲ့ အတူရှိနေခဲ့တာပါ။

ဒါပေမယ့် ယဉ်ပါးလေ့ရှိခဲ့တဲ့ကျားကြီးဟာ ရုတ်တရက်သူ့ကို ထကိုက်ပြီး သေဆုံးစေတဲ့အထိဖြစ်စေခဲ့ကြောင်း Fuzhou မြို့ အာဏာပိုင်တွေက ပြောပါတယ်။ မစ္စတာဝူဟာ ကျားကြီးကို ကျားပေါက်ဘဝကတည်းက ထိန်းကျောင်းပျိုးထောင်ခဲ့တာဖြစ်ပြီး လူအများနဲ့ ထိတွေ့ဆက်ဆံစေကာ ယဉ်ပါးစေခဲ့ပါတယ်။ ကျားကြီးရဲ့ မျိုးစိတ်ကိုတော့ အတိအကျမသိရသေးပါဘူး။


မျက်မြင်သက်သေတစ်ဦးရိုက်ကူးခဲ့တဲ့ ထိတ်လန့်ဖွယ်ဗီဒီယိုတစ်ခုမှာ ကျားကြီးက သူ့ဆရာရဲ့ အလောင်းနားမှာ ရပ်နေခဲ့ပြီး လူတစ်ယောက်က ရဲခေါ်ဖို့ အော်နေသံကြားရပါတယ်။ အလောင်းပုံကို ဝါးထားတဲ့ တရုတ်မီဒီယာတစ်ခုက ဗီဒီယိုမှာတော့ ကျားကြီးဟာ ဝူကို လက်သည်းနဲ့ခြစ်နေခဲ့ပြီး လူအများက သူ့ကို တုတ်နဲ့ဝိုင်းမောင်းထုတ်နေခဲ့ကြပါတယ်။

မစ္စတာဝူကို ကယ်နိုင်ခဲ့ချိန်မှာတော့ အသက်ရှိပုံမပေါ်တော့ဘဲ ခဏအကြာမှာ ဆေးဘက်ဝန်ထမ်းတွေက သူ့ကို သေဆုံးကြောင်းအတည်ပြုခဲ့ပါတယ်။ Fuzhou တိရိစ္ဆာန်ရုံအရ ကျားကြီးဟာ ဒီဖြစ်ရပ်မတိုင်ခင် တိရိစ္ဆာန်ရုံထဲက ဆက်ကပ်မှာ ကပြလေ့ရှိခဲ့ပြီး ယခုပွဲတွေမရှိတော့တော့တဲ့အတွက် နေရာရွှေ့ပြောင်းရန် စောင့်ဆိုင်းနေခဲ့ချိန်ဖြစ်ကြောင်း သိရပါတယ်။

SM

Loading...