Loading...

လက်(၃)ချောင်း၊ ခြေ(၃)ချောင်းပဲရှိတဲ့ ဂြိုလ်သားတွေလို့ ယူဆရတဲ့မံမီများ ပီရူးတွင်တွေ့ရှိ

လက်(၃)ချောင်း၊ ခြေ(၃)ချောင်းပဲရှိတဲ့ ဂြိုလ်သားတွေလို့ ယူဆရတဲ့မံမီများ ပီရူးတွင်တွေ့ရှိ
_______________________________________________

ပီရူးမှာ လက်(၃)ချောင်း၊ ခြေ(၃) ချောင်းပဲရှိတဲ့ ဂြိုလ်သားတွေလို့ယူဆရတဲ့ မံမီရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။ ရုရှားအမျိုးသား သုတေသနတက္ကသိုလ်မှ ပရော်ဖက်ဆာ ကွန်စတန်တင်ကိုရိုကော့ဖ်က မံမီတွေဟာ လူသားနဲ့နီးစပ်ပေမယ့် လူသားမဟုတ်ကြောင်း ဆိုပါတယ်။ ပရော်ဖက်ဆာဟာ ယင်းမံမီရုပ်ကြွင်းတွေကို ပီရူးမြို့မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စစ်ဆေးလေ့လာနေခဲ့ပြီး ရုပ်ကြွင်းတွေဟာ နှစ်ပေါင်း(၆,၅၀၀) နီးပါးသက်တမ်းရှိပြီလို့ ဆိုပါတယ်။

စပြူးနစ်ခ်သတင်းဌာနကို ပြောကြားချက်အရတော့ မံမီရုပ်တစ်ခုစီဟာ လက်မောင်းနှစ်ဖက်၊ ခြေထောက်နှစ်ချောင်း၊ ဦးခေါင်းတစ်လုံး၊ မျက်လုံးတစ်စုံနဲ့ ပါးစပ်တစ်ပေါက်ပါဝင်တယ်လို့ သိရပါတယ်။ အရိုးစုတွေကို စကန်ဖတ်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ တစ်ရှူးတွေမှာလည်း သဘာဝဇီဝဖြစ်စဉ်တွေရှိပြီး ဓာတုဖွဲ့စည်းပုံအရ လူလို့ညွှန်ပြနေကြောင်း၊ ဒီအင်န်အေမှာလည်း လူတွေအတိုင်း ခရိုမိုဇုန်း(၂၃) စုံပါဝင်ကြောင်း တွေ့ရပါတယ်။ တွေ့ရှိရတဲ့မံမီရုပ် (၄)ခုစလုံးဟာ အထီးတွေကြီးဖြစ်ပြီး တတကယ်တမ်းမှာ လူလို့ထင်ရပေမယ့် လူမျိုးစိတ်အမှန်လို့ မပြောနိုင်ကြောင်း ပရော်ဖက်ဆာက ဆိုပါတယ်။


တဖန်ခန္ဓာဗေဒဆိုင်ရာအရိုးပါရဂူဖြစ်သူ ဒေါက်တာအက်ဒ်ဆန်ဗီဗီယန်ကို,ကလည်း လူသားတွေရဲ့ ရုပ်ကြွင်းမဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အဆိုပါခြေ(၃)ချောင်း၊ လက်(၃)ချောင်းနဲ့ မံမီတွေကို အခြားသောသိပ္ပံပညာရှင်များက မံမီအတုတွေလို့ သတ်မှတ်ထားကြပေမယ့် ဒေါက်တာဗီဗီယန်ကိုက “ဒီမံမီတွေက အစစ်တွေဆိုတာကို ညွှန်ပြနိုင်တဲ့အသေးစိတ်အချက်အလက်တွေ အများကြီးရှိပါတယ်။ လူဦးခေါင်းခွံတစ်ခုလို ပြုပြင်ဖန်တီးပြီး တူအောင်လိုက်လုပ်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့အလုပ်ပါ။” လို့ပြောပြခဲ့ပါတယ်။

အဆိုပါဂြိုလ်သားမံမီတွေရဲ့အကြောင်းဟာ ပြီးခဲ့တဲ့နှစ်ဇွန်လလာက်က ပီရူးနိုင်ငံ နက်ဇ်ကာမှာ တွေ့ရှိခဲ့ကြောင်း သတင်းထွက်လာခဲ့တာပါ။ သူတို့အကြောင်း ဗီဒီယိုကိုတော့ Gaia.com ၀က်ဆိုက်ဒ်မှာ တင်ထားခဲ့ပါတယ်။ ၀က်ဆိုဒ်မှာတော့ ဆန်းကြယ်တဲ့လိုဏ်ဂူတွေထဲမှာ မံမီများတွေတူးဖော်တွေ့ရှိထားကြောင်း အထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။

အချို့ဝေဖန်ရေးသမားတွေကလည်း မံမီတွေကိုကြည့်ပြီး ပလာစတာကိုင်ထားတဲ့အလောင်းတွေလို့ ဆိုကြပါတယ်။ မံမီရုပ်တွေနဲ့ပတ်သက်ပြီး ယခုထိ သိပ္ပံပညာရှင်တွေကြားထဲမှာလည်း အငြင်းပွားမှုတွေ ရှိနေဆဲပါ။ သို့ပေမယ့် ဒေါက်တာကွန်စတန်တင်ကတော့ မံမီတွေဟာ အခြားသောလူသားမျိုးနွယ်စိတ်ဖြစ်ကြောင်း ရုပ်ရှင်မှတ်တမ်းထဲမှာ အခိုင်အမာပြောပြသွားခဲ့ပါတယ်။

SM

No automatic alt text available.

Loading...