မြန်မာက ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် စစ်အင်အားသာလွန်နေတယ်လို့ ဆို

မြန်မာက ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် စစ်အင်အားသာလွန်နေတယ်လို့ ဆို

ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အင်အားကိုစောင့်ကြည့်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Global Fire Power အဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်အတွက် အညွှန်းကိန်းအရ မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် စစ်အင်အားသာလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေရှ့်နှစ်နိုင်ငံနယ်စပ်မှာ တင်းမှာမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း Global Fire Power အဖွဲ့က အခုလိုထုတ်ပြန်ကြေညာခဲ့တာပါ။ နှစ်နိုင်ငံရဲ့ စစ်သုံးစရိတ်တွေကို ယှဉ်ကြည့်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က ဒေါ်လာ ၁.၅၉ ရှိပေမယ့် မြန်မာက ဒေါ်လာ ၂.၄ ဘီလီယံ အသုံးပြုထားတယ်လို့ ဆိုပါတယ်။

အဆိုပါအညွှန်းကိန်းမှာ ဖော်ပြချက်အရ လက်နက်နဲ့ စစ်အင်အားအရေအတွက်မှာ မြန်မာနိုင်ငံက အဆင့် ၃၈ နေရာမှာရှိနေတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆင့် ၅၇ နေရာမှာ ရှိနေတာဖြစ်ကာ မြန်မာကစစ်သည်အရေအတွက် ၅ သိန်းကျော်ရှိနေပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံကတော့ ၂.၂ သိန်းပဲ ရှိတယ်လို့ ဆိုပါတယ်။


လေတပ်အင်အားအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ စစ်လေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ အပါအဝင် ၁၆၆ စင်းရှိပြီး မြန်မာကတော့ တိုက်လေယာဉ်အပါအဝင် စစ်လေယာဉ် ၁၃၃ စင်းရှိပါတယ်။ ရဟတ်ယာဉ်ကတော့ မြန်မာက ၈၆ စင်းရှိပြီး ဘင်္ဂလားဒေ့ရှ်မှာ ၆၁ စင်းရှိပါတယ်။

တင့်ကား အရေအတွက်မှာလည်း မြန်မာက ၅၉၂ စီး ဘင်္ဂလားဒေ့ရှ်က ၅၃၄ စီးရှိပြီး သံချပ်ကာကားတွေမှာတော့ မြန်မာက ၁၃၅၈ စီးရှိပြီး ဘင်္ဂလားဒေ့ရှ်က ၉၈၂ စီး ရှိပါတယ်။ လက်နက်ကြီးအင်အားမှာဆိုရင် ဘင်္ဂလားဒေ့ရှ်က သံချပ်ကာ အမြှောက်ကား ၁၈ စီး၊ ဒုံးစင်တင်ကား ၃၂ စီးရှိပြီး မြန်မာကတော့ သံချပ်ကာအမြှောက်ကား ၁၀၈ စီးနဲ့ ဒုံးစင်တင်ကား ၁၀၈ စီးရှိတယ်လို့ သိရပါတယ်။

ရေတပ်အင်အားမှာတော့ ဘင်္ဂလားဒေ့ရှ်က စစ်ရေယာဉ် ၁၁၀ လောက်ရှိပြီး မြန်မာက အစင်း ၁၅၅ ကျော်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က မကြာသေးခင်အချိန်က ရေငုပ်သင်္ဘော ၂ စင်း ဝယ်ယူခဲ့တယ်လို့ Global Fire Power အဖွဲ့က ဖေါ်ပြထားပါတယ်။

Source : globalfirepower

Leave a Reply

Your email address will not be published. Required fields are marked *