မြန်မာနိုင်ငံသားများတင်ဆောင်လာသည့် လူမှောင်ခိုကား ရဲကင်းကိုဖြတ်မောင်းပြေးရာက တိမ်းမှောက်

မြန်မာနိုင်ငံသားများတင်ဆောင်လာသည့် လူမှောင်ခိုကား ရဲကင်းကိုဖြတ်မောင်းပြေးရာက တိမ်းမှောက်

ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း စုံခလာပြည်နယ် ကျနခရိုင်အတွင်းမှာ တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင်ငံသားများကို တင်ဆောင်လာတဲ့ ကားနှစ်စီးဟာ ရဲစစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းပြေးခဲ့ကြောင်းသိရပါတယ်။

လူကုန်ကူးကားရဲ့ နောက်ကနေ ရဲကားတွေက အမှီလိုက်လံဖမ်းဆီးခဲ့တာကို တိမ်းရှောင်မောင်းရင်းနဲ့ လိုင်စင်နံပါတ်၂၇၀၇ MITSUBISHI MOTORS မစ်ဆူဘီရှီငွေရောင် L200 တံခါးလေးပေါက် ကားတစီးဟာ သစ်ပင်နဲ့ ဝင်တိုက်ပြီး လမ်းဘေးထိုးကျတိမ်းမှောက်သွားခဲ့ပြီး တခြားတစီး Toyota Vigo အနက်ရောင်ကားက တော့ မောင်းပြေး လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

မှောက်သွားတဲ့ကားပေါ်မှာ မြန်မာနိုင်ငံသား၈ ဦးတင်ဆောင်လာခဲ့တာကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ဟတ်ယိုင်လေဆိပ်ကနေ မလေးနယ်စပ်ကိုဝင်ဘို့ တဦးကို ဘတ်ငွေ ၁၅၀၀ ပေးပြီး လိုက်လာခဲ့တာလို့  ဆိုပါတယ်။

ကားမောင်းသူဟာ ထိုင်းနိုင်ငံ ပတ်သနီ ပြည်နယ်သား Suwari Yoseo ဆူဝါရီ ယူစို့  အသက် ၃၁ နှစ်ဖြစ်ကပါတယ်၊ တရားခံကားမောင်းသမားကို ရဲစခမ်းမှာ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေပြီး နောက်ကွယ်က လူကုန်ကူးနေသူတွေကို ဖေါ်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့  စုံခလာရဲတပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆို သွားပါတယ်။

ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၈)ဦးမှာ အမျိုးသမီးတဦးကတော့ ဒဏ်ရာပြင်းထန်လို့  ဆေးရုံပို့ ခဲ့ရကြောင်းသိရပါတယ်။


SAW
မန်နေဂျာအွန်လိုင်း

Leave a Reply

Your email address will not be published. Required fields are marked *