သက်ငယ်မုဒိမ်းကျူးလွန်ခံရမှူကြောင့် သေဆုံးသူမိသားစုကို ထောက်ပံ့ငွေပေးအပ်

သက်ငယ်မုဒိမ်းကျူးလွန်ခံရမှူကြောင့် သေဆုံးသူမိသားစုကို ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ဖေဖေါ်ဝါရီ(၂၅)ရက်နေ့က မမွှေးမွှေး(၁၀)နှစ် မုဒိမ်းကျင့် သတ်ဖြတ်ခံ ရပြီးသေဆုံးသွားသဖြင့် ၎င်း၏ ကျန်ရစ်သူမိသားစုအားစာနာမှုဖြင့် ပါဝင်ကူညီရန်ထောက်ပံ့ကူပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကူညီထောက်ပံ့မှုကို မိုးကောင်းမြို့ရှိ အောင်စည်ဘော်ဒါမှ ဆရာခင်ဇော်ဦး ညီတူးတို့က ဦးဆောင်ကာ Facebook စာမျက်နာပေါ်မှတစ်ဆင့်လှုံ့ဆော်ရာနေရပ်အသီးသီးတို့မှ ကူညီငွေ ကျပ်တစ်ဆယ် နှစ်သိန်းကျော်ကို လက်ခံရရှိ၍ မတ်(၁၂)ရက် နံနက်၉နာရီတွင် ကျန်ရစ်သူ မိသားစုထံအပ်နှံပေးခဲ့သည်။
” ကလေးမလေးရဲ့ ကျန်ရစ်တဲ့ မိသားစုဟာ ဆင်းရဲချို့တဲ့နွမ်းပါးလှသလို သောကပဋိဒေဝအပူတွေနဲ့ လောင်မြိုက်ခံစားနေရပါတယ်။ ကျနော်ကိုယ်တိုင်လည်း ငွေကြေးအများကြီး မတတ်နိုင်တော့ ကျနော့် မိတ်ဆွေများထဲမှ တတ်နိုင်သမျှ ပါဝင်ကူညီဖို့ဆန္ဒရှိကြရင် မိတ်ဆွေများရဲ့ ကိုယ်စားကာယကံရှင်တွေဆီ ရောက်အောင်တိတိကျကျမှန်မှန်ကန်ကန်နဲ့ ကူညီဆာင်ရွက်ပေးပါ့မယ်ဆိုပြီး Facebookက ဆော်သြလိုက်တော့ နေရပ်အသီးသီးကထည့်ဝင်ပေးကြပါတယ်”ဟု ဦးခင်ဇော်မှဆိုသည်။
ဖြစ်စဉ်မှာ၂၀၁၈ခုနှစ်ဖေဖေါ်ဝါရီ(၂၅)ရက် နေ့ခင်း(၁၁)နာရီခွဲအချိန်က မမွှေးမွှေး(၁၀)နှစ် (ဘ)ဦးအိုက်ကွမ်း စတုတ္ထတန်းကျောင်းသူသည် တောထဲထင်းခွေသွားစဉ် မုဒိမ်းကျင့်သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ကျူးလွန်သူတရားခံ နှစ်ဦးကိုလည်း ဖမ်းဆီးရမိပြီးဖြစ်သည်။


ချိုမောင်
EPN
မိုးကောင်း၊ မတ်၁၂

Leave a Reply

Your email address will not be published. Required fields are marked *