ထီးချိုင့်မြို့နယ် အလယ်တော ကျေးရွာတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွား

ထီးချိုင့်မြို့နယ် အလယ်တော ကျေးရွာတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွား

ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာရှိ ၁၀ တန်း ဘော်ဒါဆောင်မှာ မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းအချိန်က လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ် ။

ထီးချိုင့် ဧရာဝတီ မြစ်ကူးတံတားမိုင်းရှင်းလင်းလုံခြံရေး တပ်ဖွဲ့မှ သွားရောက်၍ မိုင်းရှင်းရေး ဆောင်ရွက်ရာ၎င်း ဘော်ဒါဆောင်အတွင်း နေရာစုံ မှ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း (၅) ခု ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဘော်ဒါဆောင် ထဘီတန်းအောက်မှ မိုင်း (၁) လုံးမှာ ထဘီရုတ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ် ။

လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာနဲ့ ပါတ်သက်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းရာ ဖူးပွင့်ဝေဆာ ဘော်ဒါဆောင် ပိုင်ရှင် ဆရာမ ဒေါ်အေးအေးမင်း နှင့် ခင်မင်မှု အတိုင်းတာထက် ကျော် လွန်၍ ရင်းနှီးမှု ရှိခဲ့ဖူးသော အမျိုးသားတစ်ဦး မှ ၂၀၁၈- ဇန်နဝါရီလ ၂၉ ရက်နေ့က ဖုန်း မက်ဆေ့ဖြင့် ခြိမ်းခြောက်ခြင်း ခံခဲ့ရပြီး မကြာခင် လပိုင်းအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားပါတယ် ။

၎င်း ထွက်ဆိုချက်အရ လက်လုပ်မိုင်း ထောင်သူ ဟု ယူဆရသည့် ရွှေဘိုမြို့ အမှတ်(၂)ဒိုဘီတန်းရပ်ကွက်တွင် နေထိုင်သူ မျိုးကိုကို အား ညနေပိုင်းတွင် ဖမ်းဆီး ၍ အမှုမှန်ပေါ်ပေါက်စေရေး ဆက်လက်လက်စစ်ဆေး ဆောင်ရွက်နေပြီး အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ကြောင်းသိရပါတယ်။


မြင့် လွင်

Leave a Reply

Your email address will not be published. Required fields are marked *