ကုတင်ပေါ်ကဆင်းပြီး ကိုကိုငလတ်မ ဆိုတဲ့ ဇာတ်ကားလေးရိုက်ထားတဲ့ ”အကယ်ဒမီ လူမင်း”

သရုပ်ဆောင် အကယ်ဒမီလူမင်းတစ်ယောက်ကတော့ ကိုကိုငလတ်မ ဆိုတဲ့ဇာတ်ကားလေး ရိုက်ထားပါတယ်။ ဒီကားလေးကို ၂၀၁၅ ခုနှစ်တည်းက ၇ိုက်ကူးခဲ့တာဖြစ်ပြီး ခုမှ ပြသရဖို့ပြင်ဆင်နေတာလို့ သိရပါတယ်။ ဖန်တီးမှုတွေ နည်းပါးတဲ့ သမာရိုးကျမြန်မာကားတွေနဲ့ကွဲထွက်ပြီး ဖန်တီးမှုတွေ ပီပီသသလုပ်ထားတဲ့ ကားလေးလည်း ဖြစ်ပါတယ်။


ဒီဇာတ်ကားထဲမှာ လူမင်း၊ စိုးမြတ်သူဇာနဲ့ တစ်ခြားအနုပညာရှင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ခုတင်ပေါ်တက်လွန်းတယ်လို့ ပရိတ်သတ်အပြောခံနေရတဲ့ လူမင်းတစ်ယောက် ဒီကားထဲမှာတောင်မှ တံပတ်ပတ်ပြီး ခုတင်ပေါ်ရောက်နေသေးတာကိုလည်း တွေ့ရပါတယ်။ ငလက်မအရွယ် ကားရိုက်တာလေးကတော့ ပီပြင်နေတာကို တွေ့ရပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ လူမင်းက အကယ်ဒမီ လေးဆုရရှိပြီး ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်က ရွှေမှုံကြဲတဲ့ မိုးကောင်းကင် ဇာတ်ကားဖြင့် ဇာတ်ဆောင်ဆု၊ ၂၀၀၅ ခုနှစ်က ကျန်စစ်မင်း ဇာတ်ကားဖြင့် ဇာတ်ဆောင်ဆုနှင့် ဇာတ်ကားဆု၊ ၂၀၁၆ ခုနှစ်က ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား မြိုင်ရာဇာ တာတေ ဇာတ်ကားဖြင့် ဇာတ်ပို့ ဆုတို့ကို ရရှိခဲ့တာဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *