#ဘဝချိုချို🌹🌹🌹ဖရဲသီးခိုခို ☝☝ အမေ , သားကျောင်းထွက်တော့မယ် ‘ ပြင်းထန်တယ့် လက်ဝါးတချက်

#ဘဝချိုချို🌹🌹🌹ဖရဲသီးခိုခို
☝☝☝☝☝☝☝☝☝☝
**********

‘ အမေ , သားကျောင်းထွက်တော့မယ် ‘
ပြင်းထန်တယ့် လက်ဝါးတချက်
ကျနော့်ပါးပြင်ပေါ် … ရှိန်း ခ နဲ ပဲ , , ,

အမေရယ် , 😢😢😢😢😢
ပန်းတိုင်းကတော့ အလှဆုံး ပွင့်ချင်ကြတာပေါ့ ,
မပွင့်ခင် ပိုးကိုက်ခံရတိုင်းလည်း
ဥယျာဉ်မှူး ညံ့လို့မဟုတ်ပါဘူး ..

အဖေမရှိတဲ့မိသားစုနဲ့ 😰😰😰😰😰
တနေ့တခြား ဆိုးလာတဲ့အမေ့ကျန်းမာရေး ..
လ’ကုန်တိုင်းမျက်နှာငယ်နေရတဲ့
ညီ၊ညီမရဲ့ ကျောင်း / ကျူရှင် စရိတ် . . .

( ဆယ်ကျော်သက်မို့ ရင်ခုန်တယ် ဆိုပေမယ့်
ငယ်သူငယ်ချင်းလေးရယ် ,
တက္ကသိုလ်ရဲ့ ကံကော်ပွင့်တွေကြား ငါမလျှောက်နိုင်တော့ဘူး
တခါတည်း လက်တွဲဖြုတ်ခဲ့ပါတော့ … )

ပြောကြတယ် ,🌹🌹🌹🌹
အညွှန့် ကျိုးသွားပြီတဲ့ ( ဟုတ်ပါတယ် )
နောက် အလက်တွေ
ဝေဝေဆာဆာ ထွက်ဖို့ ကိုယ်တိုင် ပြန်ချိုးလိုက်တာပါ …
ကျတော် ပျော်ပါတယ် … 🌸🌸🌸🌸🌸

ဆိုက္ကားနင်းဖို့ , အင်္ဂလိပ်စကား တက်စရာမလိုပါဘူး …
စပါယ်ယာလုပ်ဖို့ , ဘွဲ့လက်မှတ်မလိုပါဘူး …
ဖရဲသီးရောင်းဖို့ , သင်တန်းဆင်းဖြစ်ဖို့မလိုဘူး…
” ကျတော့် အတွက် အလုပ်တွေ တပုံကြီးပါ ”

တိုက်ကြီးကြီး မဝယ်ပေးနိုင်ပေမယ့်
အမေ့နားကပ်လေး ပြန်ရွေးပေးနိုင်မှာပါ …
အမေ့ ခြေနင်းစက်အိုလေးလည်း
အနားပေးချင်တယ် မေမေရယ် …

အမေရယ် …
ညီမလေးက ,
စာသိပ်တော်တာ
ကြီးလာရင် ကျောင်းဆရာမ ဖြစ်မယ် ထင်တယ် . . .
ညီလေးကလည်း ,

ပုံဆွဲ တအားတော်တာ …
ဘွဲ့ရရင် အင်ဂျင်နီယာ လုပ်မယ်ပြောတယ် …
ဗျာ, , ,
( ကျတော် လား )
ကျတော့် ခြေမှာ

ဗွေပါတယ် အမေရယ့် ..
ဖရဲသီးစိပ်ရောင်းတဲ့ နေရာမှာ တအားတော်တာ အမေမသိလို့ ‘
( ကျတော် ရယ်ရင်း ပြောပေမယ့်
အမေကတော့ မျက်ဝန်းမှာမျက်ရည်တွေပြည့်နေရယ့် )

မငိုပါနဲ့ . . . အမေရယ် .. 💟💟💟💟💟
သား လေ … မိသားစုအတွက် 💟💟💟💟

” အနိုင်ဂိုးတွေ မသွင်းနိုင်ပေမယ့် 💟💟💟💟
အရှုံးဂိုးတွေမပေးရအောင် ကာကွယ်ရင်း 🌹🌹
လောကဓံနဲ့ သရေရလဒ်တော့ရချင်တယ် “🌸🌸

credit .WW🌹🌹🌹🌹🌹

Share အဖြူရောင်😃😃😃
photo cd.

Leave a Reply

Your email address will not be published. Required fields are marked *