“စစ်တွေအကျဉ်းထောင်မှအကျဉ်းကျ ၈၇ ဦး လွတ်ငြိမ်းခွင့်ရ”

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်အပါအဝင် အကျဉ်းသား/သူ ၈၇ ဦးသည် စစ်တွေအကျဉ်းထောင်က လွတ်မြောက်ခဲ့သည်။

မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့သည် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA)၏ (၈) နှစ်ပြည့် အထိမ်းအမှတ်ဘောလုံးပွဲကျင်းပခဲ့သည့်အတွက် မတရားအသင်းအက်ဥပဒေပုဒ်မဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က ထောင်ဒဏ် ၂ နှစ်
ကျော်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာနှစ်သစ်ကူးအခါသမယအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ဖြင့်အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသားရှစ် ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

သတင်း – မောင်ကံ

Leave a Reply

Your email address will not be published. Required fields are marked *