သင်္ကြန်တွင် ရေမပက်ဘဲ နို့ကိုင်သူ အားအမှုဖွင့်ထား

ပေါင် ဧပြီ၁၇

ဧပြီလ၁၃ ရက်နေ့ မွန်းလွဲ၂နာရီအချိန်က ပေါင်မြို့ နယ်သဲကုန်းကျေးရွာနေ မ××××၁၇နှစ် ဈေးရောင်းလုပ်ကိုင်သူမှ ဈေးဝယ်ပြီးနေအိမ်သို့ရွာလည်လမ်းအတိုင်းဆိုင်ကယ်ဖြင့်ပြန်လာစဉ် နေအိမ်တစ်လုံးရှေ့၌လူငယ်တစ်စုမှ ရေပုန်းများကိုင်ပြီးဆိုင်ကယ်ကိုတား ၍ရပ်ပေးခဲ့ရကြောင်း လူငယ်အချို့ကရေလောင်းနေကြစဉ် သဲကုန်းရွာနေ သူ မောင်အောင်ဇင်ဖြိုး ၂၀ နှစ် မှ မ×××ကို နောက်ကျောမှသိုင်းဖက်ကာ ရင်သားများကို ဆုပ်ကိုင်၍ပုတ်ထုတ်လိုက်သော်လည်း နောက်တစ်

ကြိမ်ထပ်၍ဆုပ်ကိုင်ခဲ့ကြောင်း မ××××မှငို၍ပြန်သွားကာ မိဘများထံတိုင်ကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှုးအားလည်းတိုင်ကြားခဲ့ကြောင်း ဧပြီလ၁၇ရက်နေ့ တွင်ပေါင်ရဲစခန်းသို့လာရောက်အမှုတိုင်တန်းသဖြင့် (ပ)၁၈၆/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၄
အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်

Leave a Reply

Your email address will not be published. Required fields are marked *