အင်္ဂလန်နိုင်ငံရဲ့ သရဲအခြောက်ဆုံး ဟိုတယ်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ ဟိုတယ်ကြီးအကြောင်း

အင်္ဂလန်နိုင်ငံ၊လီဗာပူးလ်မြို့ က ဟော်တယ်တစ်ခုဟာ ဗြိတိန်ရဲ့သရဲအခြောက်ဆုံးဟော်တယ်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေကို စူးစမ်းလေ့လာသူ၊ စာရေးဆရာ Tom Slemen က အခုထိ သူရောက်ဖူး၊ကြုံဖူးသမျှ ဟိုတယ်တွေထဲမှာ Adelphi Hotel က သရဲအခြောက်ဆုံး ဟိုတယ်ဖြစ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။


Slemen က သူကိုယ်တိုင် ဟိုတယ်မှာခြောက်နေတဲ့ ၀ိညာဉ်၊သရဲအချို့ ကို မြင်တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ “ ဟိုတယ်က Sefton Suite ဧည့်ခန်းမမှာ ကျွန်တော် မကြာခဏ ဟောပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဒီ ဧည့်ခန်းမက Titanic သဘောင်္ရဲ့ First Class Smoking Lounge ခန်းမနဲ့ တစ်ပုံစံတည်းဆိုတာ သတိမထားခဲ့မိဘူးဗျ။ ဒီ ဧည့်ခန်းမနှစ်ခုလုံးကို White Star Line ကုမ္ပဏီက ငှားရမ်းထားတဲ့ လက်သမား တစ်ဖွဲ့ တည်းကပဲ ဆောက်သွားခဲ့တာ”


“ တစ်နေ့ ကျွန်တော် ဆွေးနွေးဟောပြောနေတုန်းမှာ၊ ခန်းမထဲက ပရိသတ်တွေ ရပ်ကြည့်ရတဲ့နေရာ အစွန်ဆုံးမှာ ရေတပ်အရာရှိတွေလို ကတ်ဦးထုပ် အဖြူရောင်၊အနက်ရောင်ဂျက်ကတ်မှာ ဖွတ်မြီးကြိုးတွေ အပြည့်ဆင်ထားတဲ့ ၀တ်စုံတွေနဲ့ လူသုံးယောက်ကို ကျွန်တော်အပါအ၀င် လူတော်တော်များများ မြင်တွေ့ လိုက်ရတယ်။ ဖျတ်ခနဲဆို မြင်လိုက်ပြီးတာနဲ့ သူတို့ တွေ ပျောက်သွားတယ်” လို့  Slemen က ပြောပြပါတယ်။


ဒီ Adelphi ဟိုတယ်ကို တိုက်တန်းနစ်သဘောင်္နစ်မြှပ်ခဲ့တဲ့ ၁၉၁၂ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး The Adelphi ဟိုတယ်ကို ပိုင်ဆိုင်တဲ့ Britannia ဟိုတယ်စုက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ဟိုတယ်မှာ သရဲတွေကို မြင်ရကြောင်း ၀န်ထမ်းတွေရဲ့ နှစ်ပေါင်းများစွာ အစီရင်ခံစာတွေ ရှိတယ်လို့  အတည်ပြုပြောကြားခဲ့ပါတယ်။

“ Crosby Room မှာ လူတစ်ယောက် ပြတင်းပေါက်အပြင်ဘက်မှာ တွဲလောင်းခိုနေတယ်လို့ သတင်းရလို့  လူတွေအကုန်သွားကြည့်ကြတော့ အဲဒီပြတင်းပေါက်က လော့ခ်ချထားတာကို တွေ့ ရပါတယ်” လို့ သူက ပြန်ပြောပြပါတယ်။

Credit: Trend Myanmar

Leave a Reply

Your email address will not be published. Required fields are marked *