ႏွလံုး ေရာဂါရွိေနေၾကာင္း ေဖာ္ျပေနတဲ့ လကၡဏာမ်ား

ႏွလံုး ေရာဂါရွိေနေၾကာင္း ေဖာ္ျပေနတဲ့ လကၡဏာေလးေတြ

ဒါေတြျဖစ္ေနၿပီဆိုရင္ေတာ့ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခ မ်ားေနၿပီလို႔ ေယဘုယ်ခန္႔မွန္းႏိုင္ပါတယ္။

ႏွလံုးေရာဂါဟာ ေၾကာက္ဖို႔ေကာင္းတဲ့ေရာဂါတစ္ခုပါ။ ခႏၶာကိုယ္မွာ အေရးအႀကီးဆံုး အဓိကအဂၤါတစ္မ်ိဳးျဖစ္တဲ့ ႏွလံုးဟာ အသက္႐ွင္သန္ရပ္တည္ေရးအတြက္ အေရးပါၿပီး အခ်ိန္အၾကာႀကီး ႏွလံုးရပ္သြားမယ္ဆိုရင္ ေသဆံုးၿပီလို႔ သတ္မွတ္ႏိုင္ၾကပါတယ္။ လူတိုင္းလူတိုင္းမွာ အစားအေသာက္၊ အေနအထိုင္ မဆင္ျခင္ရင္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခရွိပါတယ္။

ဒါေၾကာင့္ ႏွလံုးေရာဂါရွိေနေၾကာင္း ခႏၶာကိုယ္က သတိေပးေနေပမယ့္ လူအမ်ားက သတိမျပဳမိတတ္ၾကတဲ့ လကၡဏာေလးေတြကို ေဖာ္ျပေပးလို္က္ပါတယ္ေနာ္။

၁။ ေမာပန္းႏြမ္းနယ္ျခင္း

ႏွလံုးေရာဂါရဲ႕လူသိမ်ားတဲ့ လကၡဏာတစ္ခုကေတာ့ ေမာပန္းႏြမ္းနယ္ျခင္းပါပဲ။ ႏွလံုးေဖာက္ခါနီး လူနာေတြဟာ ပံုမွန္နိစၥဓူဝ လုပ္ငန္းေဆာင္တာေလးေတြ လုပ္ရင္ေတာင္ ေမာပန္းႏြမ္းနယ္ေနတတ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏွလံုးေဖာက္ခါနီးမွာ ႏွလံုးထဲကိုေသြးေရာက္တာ နည္းလာၿပီး ႏွလံုးၾကြက္သားေပၚမွာ ဖိအားေတြမ်ားလာရပါတယ္။ ဒီလိုနဲ႔ ပိုမိုၿပီး ေမာပန္းႏြမ္းနယ္လာရတာ ျဖစ္ပါတယ္။

၂။ ေက်ာကုန္း၊ လက္ေမာင္းနဲ႔ ရင္ဘတ္ေအာင့္ျခင္း

မၾကာခဏေက်ာအုန္းေအာင့္ျခင္း၊ ရင္ဘတ္ေအာင့္ျခင္းနဲ႔ လက္ေမာင္းနာက်င္ျခင္းတို႔ဟာလည္း ႏွလံုးေရာဂါရွိေနျခင္းကို တိတ္တဆိတ္ေဖာ္ျပေနတဲ့ လကၡဏာေတြပါပဲ။ ႏွလံုးၾကြက္သားဆဲလ္ေတြမွာ ေအာက္ဆီဂ်င္ကုန္ခမ္းလာတဲ့အခါ ႏွလံုးဟာ အာ႐ံုေၾကာအဖြဲ႕အစည္းကို နာက်င္မႈရဲ႕လကၡဏာေတြ ေပးပို႔ဖို႔ ႀကိဳးစားပါတယ္။ ဦးေႏွာက္ဟာ အဲဒီလကၡဏာေတြကို လက္ေမာင္း၊ ေက်ာကုန္းနဲ႔ ရင္ဘတ္လာတဲ့ အာရံုေၾကာလကၡဏာေတြနဲ႔ မွားယြင္းသြားပါတယ္။ ဒါေပမယ့္ လူအမ်ားစုကေတာ့ အဆိုပါလကၡဏာေတြကို ႏွလံုးနဲ႔ ဆက္ႏြယ္တယ္လို႔ မထင္ဘဲ ေပါ့ေပါ့တန္တန္ ေနတတ္ၾကတဲ့အတြက္ မျဖစ္သင့္တာေတြ ျဖစ္ကုန္ၾကတာလည္း ႐ွိပါတယ္။

၃။ အသက္ရွဴမဝျခင္း

ေရႊတိဂံုဘုရားတက္ရင္ ပံုမွန္ဆို ဓာတ္ေလွကားတို႔၊ စက္ေလွကားတို႔ မစီးဘဲ ေတာင္ဘက္မုဒ္က ေလွကားထစ္ေလးေတြအတိုင္း တက္ေလ့ရွိေပမယ့္ အခုတေလာ ေလွကားေပၚ အတက္အဆင္းလုပ္တိုင္း အသက္ရွဴမဝသလို ခံစားေနရပါသလား။ ဒါဆို မိမိရဲ႕ႏွလံုးအထူးကု ဆရာဝန္နဲ႔ ျပသတိုင္ပင္သင့္ပါၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ အသက္ရွဴမဝသလို ခံစားေနရျခင္းက ႏွလံုးေဖာက္ျခင္းရဲ႔ ေရွ႔ေျပးလကၡဏာထဲမွာ ပါဝင္ေနလို႔ပါပဲ။

ဒါမွမဟုတ္ မနက္အိပ္ယာႏိုးႏိုးခ်င္းမွာပဲ အသက္ရွဴမဝသလို ခံစားေနရၿပီဆိုရင္ေတာ့ ႏွလံုးမွာတစ္ခုခု အားနည္းေနတာ ေသခ်ာေနပါၿပီ။ ႏွလံုးဟာ ေအာက္ဆီဂ်င္ကို ခႏၶာကိုယ္ေနရာအႏွံ႔အျပားကို ပို႔ေဆာင္ဖို႔နဲ႔ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ကို ခႏၶာကိုယ္တစ္ရွဴးေတြဆီက ဖယ္ရွားဖို႔အတြက္ အေရးပါၿပီး ႏွလံုးအားနည္းေနခ်ိန္မွာ ေအာက္ဆီဂ်င္မလံုေလာက္တဲ့အတြက္ အသက္ရွဴမဝျခင္းကို လကၡဏာအျဖစ္ ေဖာ္ျပမွာပါပဲ။

၄။ မူးေဝေအာင့္အန္ျခင္း

တစ္ခါတေလမွာ ႏွလံုးေရာဂါလကၡဏာေတြက အစာအိမ္ေရာဂါလကၡဏာေတြျဖစ္တဲ့ မူးေဝျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အစာအိမ္ အူလမ္းေၾကာင္း နာက်င္ျခင္းစတဲ့ ေဝဒနာေတြနဲ႔ ေရာေထြးေနတတ္ပါတယ္။ ဒါေၾကာင့္ အလုပ္ထဲမွာ ထိုင္ေနရင္း မူးေဝၿပီး ပ်ိဳ႕အန္ခ်င္သလို ျဖစ္လာရင္၊ တျခားလကၡဏာေတြျဖစ္တဲ့ ရင္ဘတ္ေအာင့္ျခင္းနဲ႔ အသက္ရွဴမဝျခင္းတို႔ပါ တြဲဖက္ေနရင္ ႏွလံုးအထူးကုဆရာဝန္ဆီကို ရက္ခ်ိန္းယူထားဖို႔ လိုအပ္ေနပါၿပီ။

၅။ လည္ပင္း၊ ေမးရိုးနဲ႔ ဂုတ္ပိုး နာက်င္ျခင္း

႐ုတ္တရက္ႀကီး ဘာအေၾကာင္းျပခ်က္မွမ႐ွိဘဲ လည္ပင္း၊ ေမး႐ိုးနဲ႔ ဂုတ္ပိုးတဝိုက္မွာ နာက်င္မႈခံစားေနရၿပီဆိုရင္ေတာ့ ႏွလံုးေရာဂါရဲ႕ လွိ်ဳ႕ဝွက္လကၡဏာတစ္ခု ျဖစ္ေနႏိုင္ပါတယ္။ အထူးသျဖင့္ ဆီးခ်ိဳသမားေတြ အထူးသတိထားသင့္ပါတယ္။ ဆီးခ်ိဳေရာဂါရွိသူေတြဟာ ရင္ဘတ္ေအာင့္တာလိုမ်ိဳး သိသာထင္ရွားတဲ့ လကၡဏာေတြကိုသာ သတိျပဳမိတတ္ၿပီး လည္ပင္းေညာင္းတာ၊ နာတာေလာက္ကိုေတာ့ ကြန္ပ်ဴတာအၾကည့္မ်ားလို႔ ျဖစ္မွာလို႔ ယူဆသတ္မွတ္တတ္ၾကလို႔ပါပဲ။

Source: Reader’s Digest

Credit: Duwun

=============

နှလုံး ရောဂါရှိနေကြောင်း ဖော်ပြနေတဲ့ လက္ခဏာလေးတွေ

ဒါတွေဖြစ်နေပြီဆိုရင်တော့ နှလုံးရောဂါဖြစ်နိုင်ခြေ များနေပြီလို့ ယေဘုယျခန့်မှန်းနိုင်ပါတယ်။

နှလုံးရောဂါဟာ ကြောက်ဖို့ကောင်းတဲ့ရောဂါတစ်ခုပါ။ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အဓိကအင်္ဂါတစ်မျိုးဖြစ်တဲ့ နှလုံးဟာ အသက်ရှင်သန်ရပ်တည်ရေးအတွက် အရေးပါပြီး အချိန်အကြာကြီး နှလုံးရပ်သွားမယ်ဆိုရင် သေဆုံးပြီလို့ သတ်မှတ်နိုင်ကြပါတယ်။ လူတိုင်းလူတိုင်းမှာ အစားအသောက်၊ အနေအထိုင် မဆင်ခြင်ရင် နှလုံးရောဂါဖြစ်နိုင်ခြေရှိပါတယ်။

ဒါကြောင့် နှလုံးရောဂါရှိနေကြောင်း ခန္ဓာကိုယ်က သတိပေးနေပေမယ့် လူအများက သတိမပြုမိတတ်ကြတဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလို်က်ပါတယ်နော်။

၁။ မောပန်းနွမ်းနယ်ခြင်း

နှလုံးရောဂါရဲ့လူသိများတဲ့ လက္ခဏာတစ်ခုကတော့ မောပန်းနွမ်းနယ်ခြင်းပါပဲ။ နှလုံးဖောက်ခါနီး လူနာတွေဟာ ပုံမှန်နိစ္စဓူဝ လုပ်ငန်းဆောင်တာလေးတွေ လုပ်ရင်တောင် မောပန်းနွမ်းနယ်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှလုံးဖောက်ခါနီးမှာ နှလုံးထဲကိုသွေးရောက်တာ နည်းလာပြီး နှလုံးကြွက်သားပေါ်မှာ ဖိအားတွေများလာရပါတယ်။ ဒီလိုနဲ့ ပိုမိုပြီး မောပန်းနွမ်းနယ်လာရတာ ဖြစ်ပါတယ်။

၂။ ကျောကုန်း၊ လက်မောင်းနဲ့ ရင်ဘတ်အောင့်ခြင်း

မကြာခဏကျောအုန်းအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ လက်မောင်းနာကျင်ခြင်းတို့ဟာလည်း နှလုံးရောဂါရှိနေခြင်းကို တိတ်တဆိတ်ဖော်ပြနေတဲ့ လက္ခဏာတွေပါပဲ။ နှလုံးကြွက်သားဆဲလ်တွေမှာ အောက်ဆီဂျင်ကုန်ခမ်းလာတဲ့အခါ နှလုံးဟာ အာရုံကြောအဖွဲ့အစည်းကို နာကျင်မှုရဲ့လက္ခဏာတွေ ပေးပို့ဖို့ ကြိုးစားပါတယ်။ ဦးနှောက်ဟာ အဲဒီလက္ခဏာတွေကို လက်မောင်း၊ ကျောကုန်းနဲ့ ရင်ဘတ်လာတဲ့ အာရုံကြောလက္ခဏာတွေနဲ့ မှားယွင်းသွားပါတယ်။ ဒါပေမယ့် လူအများစုကတော့ အဆိုပါလက္ခဏာတွေကို နှလုံးနဲ့ ဆက်နွယ်တယ်လို့ မထင်ဘဲ ပေါ့ပေါ့တန်တန် နေတတ်ကြတဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာလည်း ရှိပါတယ်။

၃။ အသက်ရှူမဝခြင်း

ရွှေတိဂုံဘုရားတက်ရင် ပုံမှန်ဆို ဓာတ်လှေကားတို့၊ စက်လှေကားတို့ မစီးဘဲ တောင်ဘက်မုဒ်က လှေကားထစ်လေးတွေအတိုင်း တက်လေ့ရှိပေမယ့် အခုတလော လှေကားပေါ် အတက်အဆင်းလုပ်တိုင်း အသက်ရှူမဝသလို ခံစားနေရပါသလား။ ဒါဆို မိမိရဲ့နှလုံးအထူးကု ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အသက်ရှူမဝသလို ခံစားနေရခြင်းက နှလုံးဖောက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာထဲမှာ ပါဝင်နေလို့ပါပဲ။

ဒါမှမဟုတ် မနက်အိပ်ယာနိုးနိုးချင်းမှာပဲ အသက်ရှူမဝသလို ခံစားနေရပြီဆိုရင်တော့ နှလုံးမှာတစ်ခုခု အားနည်းနေတာ သေချာနေပါပြီ။ နှလုံးဟာ အောက်ဆီဂျင်ကို ခန္ဓာကိုယ်နေရာအနှံ့အပြားကို ပို့ဆောင်ဖို့နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ခန္ဓာကိုယ်တစ်ရှူးတွေဆီက ဖယ်ရှားဖို့အတွက် အရေးပါပြီး နှလုံးအားနည်းနေချိန်မှာ အောက်ဆီဂျင်မလုံလောက်တဲ့အတွက် အသက်ရှူမဝခြင်းကို လက္ခဏာအဖြစ် ဖော်ပြမှာပါပဲ။

၄။ မူးဝေအောင့်အန်ခြင်း

တစ်ခါတလေမှာ နှလုံးရောဂါလက္ခဏာတွေက အစာအိမ်ရောဂါလက္ခဏာတွေဖြစ်တဲ့ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ် အူလမ်းကြောင်း နာကျင်ခြင်းစတဲ့ ဝေဒနာတွေနဲ့ ရောထွေးနေတတ်ပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ ထိုင်နေရင်း မူးဝေပြီး ပျို့အန်ချင်သလို ဖြစ်လာရင်၊ တခြားလက္ခဏာတွေဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူမဝခြင်းတို့ပါ တွဲဖက်နေရင် နှလုံးအထူးကုဆရာဝန်ဆီကို ရက်ချိန်းယူထားဖို့ လိုအပ်နေပါပြီ။

၅။ လည်ပင်း၊ မေးရိုးနဲ့ ဂုတ်ပိုး နာကျင်ခြင်း

ရုတ်တရက်ကြီး ဘာအကြောင်းပြချက်မှမရှိဘဲ လည်ပင်း၊ မေးရိုးနဲ့ ဂုတ်ပိုးတဝိုက်မှာ နာကျင်မှုခံစားနေရပြီဆိုရင်တော့ နှလုံးရောဂါရဲ့ လှိျု့ဝှက်လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုသမားတွေ အထူးသတိထားသင့်ပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ ရင်ဘတ်အောင့်တာလိုမျိုး သိသာထင်ရှားတဲ့ လက္ခဏာတွေကိုသာ သတိပြုမိတတ်ပြီး လည်ပင်းညောင်းတာ၊ နာတာလောက်ကိုတော့ ကွန်ပျူတာအကြည့်များလို့ ဖြစ်မှာလို့ ယူဆသတ်မှတ်တတ်ကြလို့ပါပဲ။

Source: Reader’s Digest

Credit: Duwun

Leave a Reply

Your email address will not be published. Required fields are marked *