Loading...

ကလေးစစ်သား အသုံးပြုတဲ့ အဖွဲ့တွေ ထဲမှာ “၀” အဖွဲ့က အဆိုး ဆုံး ဖြစ်၊ ပစ်မှတ်ဖြစ်တဲ့ ကလေးတွေကို ဘယ် လို ကာကွယ်မလဲ??

မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ခဲ့တဲ့
ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်
Ms. Virginia Gamba က မြန်မာနိုင်ငံမှာ

ကလေးစစ်သား အသုံးပြုမှုဟာ တပ်တော်သာမက
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ပါ အသုံးပြုနေတဲ့
အတွက်ကြောင့် သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

သူဟာ ဇွန်လ ၂၉ ရက်နေ့က နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်နဲ့
တွေ့ဆုံပြီး မြန်မာနဲ့ ကုလသမဂ္ဂ ဌာနေစောင့်ကြည့်မှတ်တမ်းတင်တဲ့
အလုပ်အဖွဲ့ (CTFMR) တို့ကြား လက်တွဲလုပ်ဆောင်နေတဲ့
ကလေးစစ်သားစုဆောင်းမှု ကာကွယ်ရေးဆိုင်ရာ ပူးတွဲစီမံချက် ကို

အမြန် ပြီးအောင် လုပ်ပေးဖို့နဲ့ ကလေးအခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို
လွှတ်တော်က အမြန် အတည် ပြုနိုင်အောင် ကူညီဖို့
ပန်ကြားခဲ့ပြီး ကလေးသူငယ်အခွင့်အရေး အကာကွယ်ပေးရာမှာ

မြန်မာနဲ့ ပိုပြီး ပူးပေါင်း လိုကြောင်း ပြောကြားခဲ့တယ်လို့
နိုင်ငံတော်အတိုင်ပင်ခံရုံးက
သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခု လက်တွဲလုပ်ဆောင်နေတဲ့ ကလေးစစ်သားစုဆောင်းမှု
ကာကွယ်ရေးဆိုင်ရာ ပူးတွဲစီမံချက်ကို ၂၀၁၂ က
မြန်မာအစိုးရနဲ့ ဌာနေ ကုလသမဂ္ဂအဖွဲ့တို့ သဘောတူ

လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး ၆ လတကြိမ် သက်တမ်း
တိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Ms. Virginia Gamba ပြောတဲ့ ကလေးစစ်သား အသုံးပြုတဲ့
အဖွဲ့တွေထဲမှာ “၀” အဖွဲ့က အဆိုးဆုံး ဖြစ်ပါတယ်။

ကလေးစစ်သား အသုံးပြုခဲ့တဲ့ အစိုးရတပ်က
ကလေးစစ်သားပေါင်း ၈၀၀ ကျော်တို့ကို စီမံချက် စတင်ပြီး
နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ “၀” အဖွဲ့ကတော့ အသုံးပြုနေတဲ့

ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတာမျိုး မရှိသလို
နောက်ထပ်လဲ အသုံးပြုနေဆဲ ဖြစ်ပါတယ်။
ဒီ “၀” အဖွဲ့ကို အစိုးရက

တားဆီးအရေးယူတာမျိုးလုပ်တာလည်း မတွေ့ရပါဘူး။
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုသလို
“၀” အဖွဲ့ကြောင့် မြန်မာနိုင်ငံ သိက္ခကျရပါတယ်။

ကလေးစစ်သားအသုံးပြုမှုနဲ့ ပတ်သက်ပြီး
မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာကပါ
အလေးထား ဆောင်ရွက် နေတဲ့ ကိစ္စဖြစ်ပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို

စစ်သားအဖြစ် အသုံးချတာဟာ လူ့ အခွင့်အရေးချိုး
ဖောက်တာဖြစ်သလို ကလေးတွေရဲ့ အနာဂတ်အတွက်လည်း
ဆိုးကျိုးတွေ သက်ရောက် နေတဲ့ အတွက် လက်မခံနိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ကလေးစစ်သားအသုံးပြုမှု

ပပျောက်ရေးကို စံနမူနာပြအဖြစ် အစိုးရတပ်က အသက်မပြည့်တဲ့ စစ်မှုထမ်းတွေကို မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံမှု၊ တားဆီးမှုတွေ
ပြုလုပ်နေတာ တွေ့ရပါတယ်။

အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ
အင်အားအတောင့်တင်းဆုံးဖြစ်တဲ့ “၀” အဖွဲ့ရဲ့
ကလေးစစ်သား အသုံးပြုမှုဟာ Unicef က လာရောက်
စစ်ဆေးတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။

“၀” အဖွဲ့က ကလေးစစ်သားအသုံးပြုကြောင်း ၀န်ခံလိုက်ပြီးနောက်
မြန်မာနိုင်ငံအစိုးရအနေနဲ့ရော Unicef လို အဖွဲ့အစည်းတွေကလည်း
ဒေသခံ “၀” ကလေးငယ်တွေ အမြန်ဆုံးလွတ်မြောက်ရေး
“၀” အဖွဲ့ကို ဖိအားပေး သင့်ကြောင်း၊

ကလေးစစ်သားအသုံးပြုမှု အပေါ်တွင်လည်း
“၀” အဖွဲ့ကို ထိရောက်ပြင်းထန်တဲ့
အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်သင့် ကြာင်း
ကလေးစစ်သားအသုံးပြုခံရတဲ့ မိသားစုဝင်အချို့က ပြောဆိုနေကြ ပါတယ်။

“ ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်ပညာသင်ခိုင်းတယ်၊
ကလေးတွေရဲ့ အနာဂတ်က မျှော်လင့်ချက် မဲ့သွားတဲ့
သဘောပဲလေ၊ Unicef အနေနဲ့ကလည်း

“၀” ဒေသက ကလေးစစ်သားကိစ္စ ချက်ချင်းဖြေရှင်းပေးဖို့ လိုတယ်၊
ဒီဒေသမှာ အရွယ်မရောက်ဘဲနဲ့ စစ်မှုထမ်းနေတဲ့
ကလေးစစ်သား ထောင်ချီရှိနေတယ် ” လို့
ဒေသခံ ဆရာမတစ်ဦးက ဆိုပါတယ်။

အလားတူ “၀” အဖွဲ့မှ ကလေး စစ်သား အသုံးပြုမှုနဲ့
ပတ်သက်ပြီး ဥပဒေပညာရှင်ကြီး တစ်ဦး ကလည်း
“ Unicef က “၀” အဖွဲ့နဲ့ ကလေးစစ်သားကိစ္စဆွေးနွေးခဲ့တယ်လို့သာပြောတယ်၊

ဘာ Action မှ မယူခဲ့ဘူး၊ CTFMR လို အဖွဲ့ကလည်း
“၀” ဒေသမှာ စစ်သားအဖြစ် အသုံးချခံနေရတဲ့
ကလေးတွေ လွတ်မြောက်ရေး အကာအကွယ် ပေးသင့်တာပေါ့၊

အစိုးရတပ်က အသက်မပြည့်တဲ့စစ်မှုထမ်းတွေ
ပြန်လွှတ်တုန်းက ILO နဲ့ ICRC တို့ရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုတွေပါတယ်၊
အခုလည်း “၀” ဒေသက ကလေးစစ်သားတွေ

လွတ် မြောက်ဖို့ ဖြေရှင်းဆောင်ရွက်ပေးရမှာပေါ့၊
အခုချက်ချင်း ကလေးတွေကို မိဘတွေဆီ ပြန်အပ်ခိုင်းရမယ် ” လို့
ပြောကြားသွားပါတယ်။

“၀” ဒေသတွင် ကလေးစစ်သားအဖြစ် အသုံးပြုခံနေရတဲ့
ကလေးငယ်များမှာ အသက် ၈ နှစ်မှ ၁၀ နှစ်အတွင်း သာရှိသေးကြောင်း၊
စစ်ပညာများကို ပင်ပန်းဆင်းရဲစွာ သင်ကြားရပြီး

အစားအသောက်များကို ၀လင်စွာ မစားရ သဖြင့်
အဟာရချို့တဲ့ကာ ပိန်လီသေးကွေးလာသည်ကို
မြင်ရတဲ့ မိဘများမှာ စိတ်ထိခိုက်နေကြရကြောင်း၊
“၀” အဖွဲ့မှ အကြောက်တရားဖြင့် လွှမ်းမိုးထားသဖြင့်

ဒေသခံများမှာ ၎င်းတို့၏ သားသမီးများအား
ကလေးစစ်သား အဖြစ် အသုံးပြုမှုကို မပြောရဲကြကြောင်းနှင့်
“၀” အဖွဲ့ရဲ့ ကလေးစစ်သားအသုံးပြုမှုကို အစိုးရအနနဲ့

အချိန်မီ ကာကွယ် တားဆီး ဖြေရှင်းပေး စေလိုကြောင်း
ကလေးစစ်သားအဖြစ် အသုံးပြုခံရတဲ့ “၀” ကလေးငယ်တွေရဲ့
မိဘအုပ်ထိန်းသူတွေက လိုလားနေ တယ်လို့လည်း သိရပါတယ်။

ဇော်လင်းသန့်

Loading...