Loading...

”ကျောက်နွား” —-ပရလောကဇာတ်လမ်း (စ/ဆုံး)

———–

ကျုပ်တို့ မြန်မာနိုင်ငံ အနှံ့အပြားမှာ အဖိုးတန်တဲ့ ကျောက်မျက်ရတနာ

တွေထွက်တယ်ဆိုတာ ခင်ဗျားတို့သိပြီးသားဖြစ်မှာပါဗျာ။ လူတိုင်း

အတွက် ကျောက်မျက်ရတနာဆိုတာ သည်းခြေကြိုက်ပစ္စည်းလေဗျာ။

ခင်ဗျားတို့သိတယ်မဟုတ်လား။ လူတိုင်းလူတိုင်းက အဖိုးတန်တဲ့

ရတနာပစ္စည်းတစ်ခုခုကို ဆင်မြန်းထားပြီဆိုရင် လူမမြင် မြင်အောင်

ပြချင်ကြတာဗျ။ ဥပမာဗျာ စိန်နားကပ် ပန်ထားတဲ့အမျိုးသမီးဆိုရင်

နားမှာပန်ထားတဲ့နားကပ်ကို မမြင် မြင်အောင် ဆံပင်ကိုခဏခဏ

သပ်တင်တာမျိုးတို့ ပတ္တမြားလက်စွပ်ဝတ်ထားတဲ့သူက အဲဒီလက်ကို

မကြာမကြာထောင်ပြီး စကားပြောတာမျိုးတို့ (မှတ်ချက် ။ ကျုပ်ရေးတဲ့

ဝတ္ထုကို ဖတ်ပြီးအားပေးတဲ့စာဖတ်သူတွေမပါဘူးပေါ့ဗျာ) မြင်တွေ့ဖူး

ကြမှာပါ။ အဲ ဒါပေမယ့် တစ်ခုတော့ ပြောရအုံးမယ်ဗျ။ အဲဒီလို လူတွေ

သဘောကျတဲ့ ကျောက်မျက်ရတနာတွေထဲက တစ်ချို့ဆိုရင် သူ့ကို

ပိုင်ဆိုင်ထားတဲ့ ပိုင်ရှင်ကိုဒုက္ခရောက်စေတဲ့ ကျိန်စာသင့် ကျောက်မျက်

ရတနာတွေလဲ ရှိသေးတယ်ဗျ။ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့

စိန်တွေအကြောင်းနဲ့ ကျိန်စာသင့်နေတဲ့စိန်တုံးကြီးအကြောင်းလေး

ပြောပြရအုံးမယ်ဗျို့။ ကမ္ဘာ့အကြီးဆုံးစိန်ကြီးကတော့ ”ကာလီနန်

(Cullinan) လို့ခေါ်တဲ့ စိန်တုံးကြီးပဲဗျ။ အရိုင်းတုံးအလေးချိန်

ကာရက်ပေါင်း (၃၀၂၄) ရှိပြီး ၁၉၀၅ ခုနှစ်မှာ အာဖရိကစိန်တွင်းကနေ

တူးဖော်ရရှိခဲ့တာဗျ။ အဲဒီစိန်တုံးကြီးအပြင် တစ်ခြားထင်ရှားတဲ့စိန်တုံး

တွေကိုလဲ ရှိသေးတယ်။အဲဒီစိန်တွေကတော့

၁။ ကာရက်ချိန် (၁၂၅)ရှိတဲ့ တိဗွေနိ ခေါ် စိန်ဝါကြီး

၂။ ကာရက်ချိန် (၁၃၃)ရှိတဲ့ ဂျူအော့တပ်စကေနီစိန်ကြီး

၃။ ကာရက်ချိန် (၁၃၇)ရှိတဲ့ ဂိုချင်စိန်ကြီး

၎။ ကာရက်ချိန် (၂၇၉)ရှိတဲ့ နိုင်ဇန်အော့ဟိုလ်န္ဒြပ်စိန်ကြီး

၅။ ကာရက်ချိန် (၂၇၉)ရှိတဲ့ ကိုဟီနိုးစိန်ကြီး စတဲ့ စိန်ကြီးတွေ

ပေါ့ဗျာ။ အဲဒီအထဲက ကိုဟီနိုး (Kohi Noor) ဆိုတဲ့စိန်ကြီးက ခုန

ကျုပ်ပြောခဲ့တဲ့ ကျိန်စာသင့်နေတဲ့ စိန်ကြီးတစ်ခုပေါ့။

အဲဒီစိန်ကို မူလက အရှေ့တိုင်း ဘာသာရေးနဲ့သက်ဆိုင်တဲ့ ရုပ်တု

တစ်ခုမှာတပ်ဆင်ပြီအသုံးပြုထားတာဗျ။ဒါပေမယ့် အဲဒီစိန်က သူ့ကိုပိုင်

ဆိုင်သင့်တဲ့သူမဟုတ်ပဲ တစ်ခြားသူတစ်ယောက်ယောက်ကဝယ်ယူပြီး

လက်ဝယ်ထားမယ်ဆိုရင် ဒုက္ခမျိုးစုံနဲ့ကြုံတွေ့ကြရောတဲ့ဗျ။ အရှေ့တိုင်း

ကနေ အနောက်တိုင်းကိုမရောက်မချင်း ပိုင်ဆိုင်သူကိုထိခိုက်မည်ဆိုတဲ့

အညွှန်းလဲရှိတယ်ဆိုပဲ။ အညွှန်းအတိုင်းပဲ အဲဒီစိန်ကိုပိုင်ဆိုင်ခဲ့တဲ့

အိန္ဒိယဘုရင်တွေ စစ်ပွဲတွေနဲ့ ကြုံတွေ့ရပြီး အသက်တွေဆုံးရှုံးကုန်ကြ

တယ်တဲ့ဗျို့။ အရမ်းကိုကြောက်စရာကောင်းတာပဲဗျာ။ ဒါကြောင့်မို့လဲ

ကျောက်မျက်ရတနာဆိုတာ ကိုယ်နဲ့ထိုက်တန်မှ ရနိုင်တယ်လို့

ရှေးလူကြီးတွေ ပြောခဲ့ကြတာပေါ့ဗျာ။ နောက်ဆုံးတော့ အဲဒီစိန်တုံးက

အိန္ဒိယမူတန်ခေါ် သူပုန်အရေးတော်ပုန်မှာ ဒေလီဘုရင်လက်ကနေ

အင်္ဂလန်နိုင်ငံကိုရောက်သွားပြီး နန်းစဉ်သရဖူမှာတပ်ဆင်လိုက်မှ

ဒုက္ခအပေါင်းကနေ ကင်းဝေးသွားခဲ့တယ်ဗျို့။ ဒီစိန်တုံးလို လူတွေကို

ဒုက္ခပေးတဲ့ ကျောက်မျက်ရတနာတွေရှိသလို လူတွေကိုအကျိုးပြုတဲ့

ကျောက်အမြုတေတွေလဲ ရှိတယ်။ ခင်ဗျားတို့ကြားဖူးလားတော့မသိ

ဘူး။ ကျောက်လက်ဝါးဆိုတဲ့ အမြုတေရှိတဲ့ ကျောက်မျိုးလေ။ ဟိုးတုံး

ကတော့ အထက်အညာဒေသမှာရဖူးတယ်တယ် ကြားမိတယ်ဗျ။

၉၆ပါးရောဂါဝေဒနာတွေတောင် ပျောက်ကင်းစေလောက်အောင် အစွမ်း

ထက်တယ်ဆိုပဲဗျို့။ အဲဒီလိုပဲ လူတွေကိုအန္တရာယ်ပေးနိုင်တဲ့ ကျောက်

အမြုတေတွေလဲ ရှိတယ်ဗျို့။ အဲဒီကျောက်တွေကတော့

ကျောက်ဘီလူး | ကျောက်နွား | ကျေုက်နဂါး | ကျောက်နန်း စတဲ့

ကျောက်တွေပေါ့ဗျာ။ အဲဒီအထဲက ကျောက်နွားတစ်ကောင်နဲ့ ဆုံတွေ့

ခဲ့တဲ့ အကြောင်းလေးကို ခင်ဗျားတို့ကို ကျုပ် ပြောပြချင်တယ်ဗျာ။

=====================================

ကျုပ်တို့ရွာရဲ့အရှေ့ဘက်မှာ တောအုပ်တစ်ခုရှိတယ်ဗျ။ တောအုပ်က

သိပ်အကြီးကြီးမဟုတ်ပေမယ့် တော်ရုံလူတစ်ယောက်ဝင်ပြီးသွားလို့

လမ်းမသိရင် အထဲမှာ တဝဲလည်လည်နဲ့ ပြန်ထွက်ရခက်တဲ့နေရာပေါ့

ဗျာ။ ကျုပ်တို့ရွာက လူတွေအတွက်ကတော့ ထင်းချိုး ထင်းခုတ် ဖို့

အတွက် အဲဒီတောအုပ်ကိုပဲ မှီခိုနေကြတာပေါ့။ တောရဲ့အလည်နား

မှာ ရှေးဟောင်းစေတီပျက်တစ်ခုလဲရှိတယ်ဗျ။ အဲဒီအနားကိုတော့

တော်ရုံလူ မသွားရဲဘူးဗျို့။ သရဲအရမ်းခြောက်တယ်လို့နာမည်ကြီးတဲ့

နေရာတစ်ခုပေါ့ဗျာ။ ကျုပ်တို့ကတော့အဲဒီနေရာကို ဘုရားပြိုကုန်းလို့ပဲ

ခေါ်ကြတယ်။ အဲဒီဘုရားပြိုကုန်းကို ရောက်ဖူးတဲ့သူဆိုလို့ ကျုပ်တို့

ရွာထဲမှာ လက်ချိုးရေလို့ရတယ်။ ရောက်သွားတဲ့သူတိုင်းလဲ တစ်မျိုး

မဟုတ် တစ်မျိုး အခြောက်ခံကြရတာပဲတဲ့ဗျ။

တစ်ခါကလဲ ရွာအလည်ပိုင်းက စိုးကြီးနဲ့ ထွန်းခိုင်တို့နှစ်ယောက်

သစ်ပင်ခုတ်သွားရင်းနဲ့သရဲခြောက်ခံခဲ့ရတဲ့အကြောင်းပြောပြအုံးမယ်။
အဲဒီနေ့က

သူတို့နှစ်ယောက် သစ်ခုတ်ဖို့အတွက် သစ်ပင်လိုက်ရွေးရင်းနဲ့ ဘုရာပြို

ကုန်းနားကို ရောက်သွားခဲ့ကြတယ်။

”စိုးကြီး ငါတို့ဘုရားပြိုကုန်းနားတောင်ရောက်လာပြီကွ နောက်ပြန်

လှည့်ရအောင်”

သူတို့နှစ်ယောက်ရောက်တဲ့နေရာကို သတိထားမိတဲ့ ထွန်းခိုင်က

သတိပေးတော့ စိုးကြီးက သူ့ကိုမျက်မှောင်ကုတ်ကြည့်ရင်းနဲ့

”ရောက်တော့ဘာဖြစ်လို့လဲကွ ငါတို့သစ်ခုတ်ဖို့လာတာ ခုဘာမှ

မရသေးပဲနဲ့ ဒီတိုင်းပြန်ရမှာလား”

ဟုပြောလိုက်သည်။

”စိုးကြီးရာ မင်းလဲ ဒီနေရာအကြောင်းသိရဲ့သားနဲ့ လာပါကွာ

ပြန်ကြရအောင်”

ထွန်းခိုင် ဘယ်လောက်ခေါ်ခေါ် စိုးကြီးက အတင်းပေနေသဖြင့် သူလဲ

လက်လျှော့လိုက်ရတယ်။ တစ်နေရာရောက်တော့ သူတို့သဘောကျတဲ့

သစ်ပင်ကိုလဲတွေ့သွားကြတယ်။ ဒါနဲ့ နှစ်ယောက်သား လွှနဲ့တိုက်ဖြတ်

ကြတော့တယ်။အဲဒီမှာ ထူးခြားမှုတွေစပြီးတွေ့တော့တာပဲတဲ့ဗျာ။

တော်ရုံသစ်ပင်ဆိုရင် တစ်ဝက်လောက်ဖြတ်ပြီးတာနဲ့ လဲကျတော့တာ

ပဲဗျ။ ခုကျတော့ အဲဒီလိုမဟုတ်ဘူးတဲ့ဗျို့။ သစ်ပင်တစ်ပင်လုံးကိုသာ

လွှပြတ်သွားတယ်။ သစ်ပင်က လုံးဝမလဲပဲ တကျွီကျွီနဲ့မြည်ပြီး လည်နေ

တာတဲ့ဗျာ။ ဥပမာဗျာ ခင်ဗျားတို့ ဖယောက်တိုင်ကို အပေါ်မီးစာကနေ

ကိုင်ပြီးလှည့်နေသလိုပဲတဲ့ဗျ။ ဒါနဲ့နှစ်ယောက်သားအပင်ပေါ်လဲမော့

ကြည့်လိုက်ရော သစ်ပင်ခွကြားမှာ စောင့်ကြောင့်ထိုင်ပြီး သူတို့ကိုငုံ့

ကြည့်နေတဲ့ မည်းမည်းအကောင်ကြီးကိုတွေ့လိုက်ရတယ်။ မျက်လုံး

ကြီးတွေကလဲ နီရဲပြီး လင်းကွင်းလောက်ကိုရှိတာတဲ့ဗျာ။ အမွှေးတွေ

ကလဲ အရှည်ကြီးတွေဆိုပဲ။ သူတို့ကြည့်နေတုံးမှာပဲ အဲဒီအကောင်ကြီး

ကသူတို့ကို သွားတွေဖြဲပြပြီး အပင်ပေါ်ကနေ ဇောက်ထိုးကြီးဆင်းလာ

ပါလေရောတဲ့ဗျာ။ စိုးကြီးနဲ့ထွန်းခိုင်တို့နှစ်ယောက်လဲ တောထဲကနေပြန်

ပြေးလာတာ လွှတွေ ဓါးတွေတောင်မယူအားဘူးတဲ့ဗျို့။ ရွာလဲရောက်

ရော နှစ်ယောက်သားသတိလစ်ကုန်လို့ မနဲကိုနှာနှပ်ယူလိုက်ရတယ်။

အဲဒီကစပြီး စေတီပျက်ကုန်းအကြောင်းပြောမဆုံးပေါင် တောသုံး

တောင်ဖြစ်ခဲ့တာဗျို့။ သူတို့အပြင် နောက်ထပ်တွေ့ကြုံဘူးတဲ့သူတွေလဲ

ရှိသေးတယ်ဗျ။ နောက်ကြုံတော့ ပြောပြပါမယ်ဗျာ။

=====================================

”ဝပ်ထရိန့်း့ ဝပ်ထရိန်း”

ညသန်းခေါင်ကျော်လောက်မှာ ကျယ်လောင်တဲ့နွားအော်သံကြီးက

ကျုပ်တို့တစ်ရွာလုံးကိုလှန့်နှိုးလိုက်သလို ဖြစ်သွားတယ်ဗျ။ ကျုပ်

တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ကျယ်လောင်တဲ့ နွားအော်သံကို

မကြားဖူးပါဘူးဗျာ။ အဲဒီအသံတွေနဲ့အတူ

”ဝုန်း”

” အမလေး ကယ်ကြပါအုံး ကျွန်မတို့အိမ်ပြိုတော့မယ်”

”ဟဲ့ အောင်မောင်းအပြင်မထွက်နဲ့ နွားဝှေ့ခံရအုံးမယ်”

စတဲ့အသံတွေ ဆူညံဆူညံနဲ့ ထွက်လာတယ်ဗျို့။ ကျုပ်ကတော့

ညတိုင်း ကပ္ပိယကြီးနဲ့အတူ ဘုန်းကြီးကျောင်းမှာပဲအိပ်တာလေဗျ။ ခု

အော်နေတဲ့အသံတွေကလဲ ရွာထိပ်နားကဆိုတော့ အတိုင်းသားကို

ကြားနေရတော့တာဗျ။ ကျုပ်တို့လဲ ဘာဖြစ်မှန်းမသိတာနဲ့ အသာ

ဆက်ပြီးနားစွင့်နေကြတာပေါ့ဗျာ။ အဲဒီအချိန်မှာပဲ ဘုန်းကြီးကျောင်းထဲ

ကိုပြေးဝင်လာတဲ့အသံတွေကို ကြားလိုက်ရတယ်။ ခြေသံက ကျုပ်တို့

အိပ်နေတဲ့နေရာကို တန်းလာတာဗျ။ အနားရောက်တော့မှ မောကြီး

ပန်းကြီးနဲ့ ပြေးလာတာ အောင်မောင်းဖြစ်နေမှန်းသိရတော့တာဗျို့။

”ဆရာကြီး ကယ်ပါအုံးဗျာ ကျုပ်တို့အပိုင်းထဲမှာ ဒုက္ခ ရောက်နေပြီ”

အောင်မောင်းက ရောက်ရောက်ချင်း အမောတောင်မဖြေနိုင်ပဲ ပြောတာ

ဗျ။ ပြီးမှ ကျုပ် ခပ်ပေးတဲ့ ရေကို အငမ်းမရ သောက်နေတယ်။

”နေပါအုံး မောင်ရင်ရဲ့ ဘာတွေဖြစ်တာလဲ ပြောပါအုံး”

ကပ္ပိယကြီးက မေးတော့ အောင်မောင်းက

”နွားကြီး အကြီးကြီးတစ်ကောင်သောင်းကျန်းနေတာ ဆရာကြီး

ကျွန်တော့်တစ်သက် ဒီလောက်ကြီးတဲ့နွားမမြင်ဖူးဘူး ပြီးတော့

ကျွန်တော်တို့တွေ လှံတွေနဲ့ ပစ်တာတောင် မပေါက်ဘူး ကျောက်တုံးကို

ပစ်နေရတဲ့အတိုင်ပါပဲဗျာ အဲဒါ ဆရာကြီး လိုက်ကြည့်ပေးပါခက်ဗျာ”

အောင်မောင်းစကားဆုံးတော့ ကပ္ပိယကြီးနဲ့ ကျုပ်နဲ့ ဆေးလွယ်အိပ်ဆွဲ

ပြီး ရွာထဲကို ထွက်လာခဲ့ကျတယ်။ ဒီကောင်ကြီးက ရွာအတွင်းထဲထိ

မဝင်ပဲ ရွာတောင်ပိုင်းမှာတင် ပတ်ပြီးသောင်းကျန်းနေတာဗျ။ကျုပ်တို့

ရောက်လာတာမြင်တော့ ရွာလူကြီးနဲ့ ရွာသားလေးငါးယောက်လောက်

ကျုပ်တို့ဆီပြေးလာကြတယ်။ လက်ထဲမှာလဲ လက်နှက်ကိုယ်စီနဲ့ဗျို့။

ရာလူကြီးက အနားရောက်တော့ ကပ္ပိယကြီးကို

”ဆရာကြီးရေ ဘယ်ကနွားကြီးလဲမသိဘူး ဓါးနဲ့လဲ ခုတ်လို့မရ လှံနဲ့

လဲပစ်လို့မရဘူး ရွာသားတွေတော်တော်များများလဲ သူ့လက်ချက်နဲ့

ဒဏ်ရာရကုန်ပြီ ဆရာကြီးကယ်ပါအုံးဗျာ” လို့ဆီးပြောတယ်ဗျ။

ဒီလောက်လဲ စိတ်မပူပါနဲ့ဗျာ ကျုပ်ကြည့်လိုက်ပါအုံးမယ် အဲဒီကောင်

ကြီးက ခုဘယ်မှာလဲဗျ”

” သိန်းညွန့်တို့အိမ်ထဲမှာဆရာကြီး”

”ကဲဒါဖြင့် လာဗျာ ကျုပ်တို့သွားကြည့်ရအောင်”

ကပ္ပိယကြီးက ပြောပြောဆိုဆို ရှေ့ကနေထွက်သွားတယ်။ ကျုပ်က

တော့ ဆရာကြီးဘေးကပေါ့ဗျာ။ သွားရင်းနဲ့မှ ဆရာကြီးက ကျုပ်ဘက်

လှည့်ကြီးပြီး

”မောင်ဘခက် မင်းအကြားအမြင်အင်းချပ်ကို သောက်ထားလိုက်”

လို့ ကပ်ပြောသွားတယ်။ ဒါနဲ့ကျုပ်လဲ လွယ်အိပ်ထဲက အကြားအမြင်

အင်းချပ်ကိုထုတ်ပြီး သောက်လိုက်ပေါ့ဗျာ။ သိန်းညွန့်တို့အိမ်ထဲလဲ

ရောက်ရော ကျုပ်တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှလမမြင်ဖူးတဲ့မြင်ကွင်း

ကို မြင်ရတော့တာပဲဗျို့။ ကျုပ်တို့ထက် သုံးဆလောက်မြင့်တဲ့ နွားကြီး

တစ်ကောင်။ အရောင်က အဖြူရောင်ဗျ။ ဖြူတာမှ တစ်ကိုယ်လုံးကို

ဆွတ်ဆွတ်ဖြူနေတာဗျို့။ ပြီးတော့ သေချာကြည့်မယ်ဆိုရင် နွားကြီးရဲ့

ကိုယ်လုံးက ပြောင်ချောကြီးဗျ။ ကျောက်သားနဲ့ထုထားတဲ့ပုံစံဗျို့။ အဲ

ပြီးတော့ အဲဒါထက် ပိုပြီးထူးဆန်းတာရှိသေးတယ်ဗျို့။ အဲဒီနွားကြီးရဲ့

ကိုယ်ပေါ်မှာ ခွပြီးစီးထားတဲ့အကောင်ကြီးဗျာ။ နည်းတဲ့ကောင်ကြီး

မဟုတ်ဘူး။ တစ်ကိုယ်လုံးအမွှေးစုတ်ဖွားနဲ့ မျက်လုံးကြီးတွေက

လင်းကွင်းလောက်ကို ရှိတာ။အစွယ်ကြီးတွေကလဲအရှည်ကြီးပဲဗျို့။

အဲဒီကောင်ကြီးက သိန်ညွန့်တို့အိမ်ကို လက်ညှိုးထိုးပြီး နွားကြီးကို

အတင်းဝှေ့ခိုင်းနေတာဗျ။ နွားကြီးကလဲ အားကုန်ဝှေ့တော့တာပဲ

ဗျို့။ သိန်းညွန့်တို့အော်သံတွေကလဲ ဆူညံနေတာပဲ။ ဒါပေမယ့် အိမ်

အောက်ကို မဆင်းရဲကြဘူး။ ဆင်းသာလာရင် သေမှာမလွဲဘူး။အဲ့ 

ကျုပ်တို့ဝင်လာတာလဲမြင်ရော အဲဒီကောင်ကြီးကမျက်ထောင့်နီကြီး

နဲ့လှမ်းကြည့်နေတာဗျာ။ သူစီးထားတဲ့နွားကြီးကလဲ ခွာရှပ်ပြီး တဖူးဖူး

နဲ့ အတော်ဒေါသထွက်နေတဲ့ပုံစံဗျို့။ ကပ္ပိယကြီးကလဲ အဲဒါကို မြင်တဲ့

ပုံပဲဗျ။ ဒါပေမယ့် ရွာသားတွေကတော့ ကျောက်နွားကြီးကိုပဲ မြင်ပြီး

အပေါ်ကအကောင်ကြီးကို မြင်ပုံမရဘူးဗျို့။ ဒါလဲကောင်းပါတယ်ဗျာ။

မြင်သာမြင်ရင် အနားတောင်ကပ်ရဲကြမယ်မထင်ဘူး။ ကျုပ်လိုဆေးဝါး

အခံရှိတဲ့သူတောင် ကြက်သီးတဖြန်းဖြန်းထနေတာဗျ။ ကပ္ပိယကြီးက

တော့ ပုံမှန်အတိုင်းပဲ နွားကြီးအနားထိ တိုးကပ်သွားတယ်။ ကျုပ်လဲ

အနားကနေကပ်ပါသွားတာပေါ့ဗျာ။ တော်တော်ထူးဆန်းတယ်ဗျို့။ ခုန

အရမ်းဒေါသကြီးနေတဲ့ နွားကြီးကော သရဲကြီးပါ ကျုပ်နဲ့ကပ္ပိယကြီး

အနားရောက်တဲ့အထိ ဘာမှမလုပ်ပဲ မျက်ထောင့်နီကြီးနဲ့ ကြည့်နေ

တယ်။ အနားရောက်တော့ ကပ္ပိယကြီးက နွားစီးထားတဲ့အကောင်ကြီး

ကိုကြည့်ပြီး

” မင်းက ဘုရားပြိုကိုစောင့်ရတဲ့ အစောင့်မဟုတ်လား ဘာလို့ဒီမှာ

လာပြီးသောင်းကျန်းနေတာလဲ”လို့မေးလိုက်တယ်ဗျ။ ကျုပ်ဖြင့် အံ့သြ

လိုက်တာဗျာ။ ကပ္ပိယကြီးက ဒီကောင်ကြီးကို ဘယ်ကလဲဆိုတာကို

သိနေတာကိုးဗျ။

ဒီကောင်ကြီးကလဲ ကပ္ပိယကြီးမေးတဲ့စကားကိုနားလည်တဲ့ပုံပဲ။

သိန်းညွန့်တို့အိမ်ဖက်ကိုလက်ညိုးထိုးပြပြီး

”ဒီအိမ်ကကောင် ဘုရားပစ္စည်းမှန်းသိရက်နဲ့ လောဘတက်ပြီး

ယူသွားလို့ အသေသတ်မလို့လာတာ ဟင်း ဟင်း”

ဆိုပြီး အသံသြသြ အက်အက်ကြီးနဲ့ပြောတာဗျ။ ဒါကို ကျုပ်လဲကြားနေ

ရတယ်။ ဘေးက ရွာသားတွေကတော့ ဘယ်ကြားရမလဲဗျာ။ ကြားရင်

လဲ သွေးပျက်သွားမှာတောင်စိုးရတယ်ဗျို့။ ဒါနဲ့ကပ္ပိယကြီးက

”ကဲ အဲဒီ ပစ္စည်းကို ကျုပ်ပြန်လာထားပေးမယ်လို့ကတိပေးတယ်

ပြီးတော့ ခင်ဗျားကိုလဲ စားပွဲသောက်ပွဲနဲ့တောင်းပန်ခိုင်းလိုက်ပါ့မယ်

အသက်ကို ရန်ရှာမနေပါနဲ့တော့ ကျုပ်က ကြားထဲကနေ မေတ္တာရပ်ခံ

ပါတယ်” ဆိုပြီးကတိ ပေးလိုက်တယ်ဗျာ။ ဒီကောင်ကြီး လက်ခံပုံပဲဗျ။

ခေါင်းတစ်ချက်ငြိမ့်ပြပြီး နွားကြီးကို မောင်းထွက်သွားတယ်။ ဖုန်တွေဆို

တာ တစ်လုံးလုံးနဲ့ဗျာ။ ခွာသံကလဲ တစ်ဖြောင်းဖြောင်းနဲ့ကိုကြားနေရ

တာဗျို့။ အားလုံးငြိမ်သွားတော့မှ ကပ္ပိယကြီးက ရွာလူကြီးကို အကျိုး

အကြောင်း ပြောပြတာပေါ့။ ရွာလူကြီးက သိန်းညွန့်ကိုခေါ်ပြီးမေးတော့

အစပိုင်းက ငြင်းနေသေးတယ်ဗျ။ ဒါနဲ့ သူကြီးနဲ့ရွာသားတွေက ထိုးမယ်

ကျိတ်မယ်လုပ်တော့မှ ဘုရားပြိုကုန်းက ယူလာတဲ့ ရွှေတွေကို ထုတ်

ပေးတာဗျို့။ အောင်မာ ရွှေထည်တွေက တော်တော်များသားပဲဗျ။

ဒါကြောင့် ဒီကောင် လောဘတက်ပြီးယူလာတာနေမှာ။ဒါနဲ့ နောက်တစ်

နေ့မှာပဲ ကပ္ပိယကြီးအပါ ရွာထဲက လူ လေးငါးခြောက်ယောက်

နဲ့ ဘုရားပြိုကုန်းက ယူလာတဲ့ပစ္စည်းတွေကို သွားထားလိုက်ကျတယ်။

စားပွဲသောက်ပွဲကိုတော့ ရွာထဲကလူတွေကပဲ စီစဉ်ပေးလိုက်တာပေါ့

ဗျ။ ဒီအကြောင်းကတော့ အတန်ကြာတဲ့အထိ ကျုပ်တို့ရွာနီးချုပ်စပ်မှာ

ရေပန်းအစားဆုံး သတင်းဖြစ်သွားတာပေါ့ဗျာ။ ပြောတဲ့အကြောင်းက

တော့ ဓါးနဲ့ခုတ်လဲမပြတ် လှံနဲ့ထိုးလို့လဲမတိုးတဲ့ ”ကျောက်နွား” ကြီး

ဆိုပဲဗျ။

စာဖတ်သူများကို အစဉ်လေးစားလျှက်

ဗေဒါစိမ်း (MONYO)

(မှတ်ချက် / စာအရေးအသားညံ့ဖျင်းမှုရှိပါက အားမနာတမ်းဝေဖန်

အကြံပြုပေးကြပါရန်)

Loading...