ခု န စ် လ သားအရွယ် သားလေးကို အချိန်ပေးနေတဲ့ တေးသံရှင် D ယံ

“ပတ်သက်ခွင့်ပြုပါ”သီချင်းနဲ့ လူသိများတဲ့ သာယာနာပျော်ဖွယ် အသံပိုင်ရှင် အဆိုတော် D ယံကတော့ ချစ်စရာကောင်းတဲ့ ဇနီးသည်နဲ့ သားလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။ တေးသံရှင် D ယံကတော့ လက်ရှိမှာ ၇ လပြည့်သွားပြီဖြစ်တဲ့ သားလေးကို အလုပ်မများခင်အချိန်လေးမှာ အဖော်ပြုပေးနေတယ်လို့ သိရပါတယ်။

Dယံ က “သားလေး Rhy (ဘုန်းမြတ်ကာရံဦး) ရှုတင် သူ့ကိုဘဲအချိန်ပေးနေရတယ် နောက်ဆိုရင် အလုပ်များမှာမို့ အလိုလိုက်ထားတယ် love u son 7months” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ တင်ထားပါတယ်။

Dယံကတော့ အယ်လ်ဘမ်သစ်ထွက်ဖို့အတွက် တောက်လျှောက် ကြိုးစားလုပ်ကိုင်နေပြီး မိသားစုနဲ့ အလုပ် နှစ်ဖက်မျှတအောင် လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

၀၀ကစ်ကစ်နဲ့ ချစ်စရာကောင်းတဲ့ Dယံ ရဲ့သားလေး ဘုန်းမြတ်ကာရံဦး ကလည်း အရမ်းကိုချစ်စရာကောင်းပါတယ်။ ပျော်ရွှင်စရာ မိသားစုလေးနဲ့အတူ အသစ်ထွက်မယ့် အယ်လ်ဘမ်လည်း အောင်မြင်ပြီး လူကြိုက်များပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ချစ်ဖို့ကောင်းလိုက်တဲ့ သားသားလေး

ဒယ်ဒီအတွက် အမောပြေလေးတဲ့

Myat Su Nyein

Ref : Dyan Facebook

Leave a Reply

Your email address will not be published. Required fields are marked *