အသက္အႏၱရာယ္စိတ္မခ်ရတဲ့သြားေရာက္လည္ပတ္ဖုိ႔ မသင့္တဲ့ေၾကာက္းစရာေကာင္းဆံုး(၁၀)နိုင္ငံ

ခရီးသြားတဲ့အခါမွာ သြားေရာက္လည္ပတ္ဖုိ႔ သင့္တဲ့ ႏုိင္ငံေတြရွိသလုိ၊ သြားေရာက္လည္ပတ္ဖုိ႔ စိတ္ကူးထဲေတာင္ မထည့္သင့္တဲ့ႏုိင္ငံေတြလည္း အမ်ားႀကီးပါဘဲ။ ေအာက္မွာ ေဖာ္ျပထားတာေတြကတာ့ အသက္အႏၱရာယ္ေၾကာင့္ သြားေရာက္လည္ပတ္ဖုိ႔ မသင့္တဲ့(၁၀)ႏုိင္ငံကို ေဖာ္ျပထားတာပါ။

(၁) ဗင္နီဇြဲလား

ဗင္နီးဇြဲလားဟာ သိပ္ကုိလွပတဲ့ ေတာေတာင္ေရေျမနဲ႔ သဘာဝ႐ႈခင္းေတြကို ပုိင္ဆုုိင္ထားတဲ့ တုိင္းျပည္ပါ။ ဒါေပမယ့္ တုိင္းျပည္မၿငိမ္သက္မႈေၾကာင့္ အနာဂတ္မွာ ျပည္တြင္းစစ္ျဖစ္ဖုိ႔ အလားအလာေတြ အလြန္မ်ားေနပါတယ္။ တုိင္းျပည္ရဲ႕ စနစ္ဆုိးေၾကာင့္ အေျခံလူတန္းစားေတြဟာ ငတ္ျပတ္ေနၾကၿပီး၊ ဒီငတ္ျပတ္ျခင္းကပင္လွ်င္ လူသတ္ဓားျပမႈေတြရဲ႕ အဓိက အေၾကာင္းျပခ်က္ ျဖစ္ေနပါတယ္။

တုိင္းျပည္မၿငိမ္လုိ႔ လက္နက္ကုိင္လႈပ္ရွားသူေတြနဲ႔ အစုိးရၾကား အျပန္အလွန္ပစ္ခတ္မႈေၾကာင့္ (၂၀၁၇) ခုႏွစ္တစ္ခုတည္းမွာပင္ လူေသမႈ (၄၄)မႈ၊ (၂၀၁၅)ခုႏွစ္မွ ယခုအခ်ိန္ထိ လူသတ္မႈ (၂၈၈၇၅)မႈ ျဖစ္ပြားခဲ့ပါတယ္။ မူးယစ္ရာဇဝတ္ဂုိဏ္းေတြကလည္း သူတစ္လူ ငါတမင္းခ်ယ္လွယ္အုပ္ခ်ဳပ္ေနၾကၿပီး၊ ခရီးသြားတစ္ေယာက္အတြက္ လုံၿခံဳတဲ့ႏုိင္ငံမဟုတ္ပါဘူး။

(၂) ေျမာက္ကုိရီးယား

ေျမာက္ကုိရီးယားဟာ သာမန္အားျဖင့္ ႏုိင္ငံရဲ႕ ခၽြတ္ခ်ဳံက်နေနတဲ့ ဘ႑ာေရးအေျခအေနအရ ခရီးသြားေတြကုိ ေမွ်ာ္ေနရတဲ့ႏုိင္ငံပါ။ ဒီလုိပဲ ခရီးသြားေတြ သြားေရာက္မႈ အနည္းဆုံးႏုိင္ငံလည္း ျဖစ္ေနပါတယ္။ အေျခအေနအရ ေျမာက္ကုိရီးယားမွာ ေရာက္သြားသူေတြဟာ အခ်ိန္မေရြး ျပန္ေပးဆြဲခံရႏုိင္ပါတယ္။ အေမရိကန္ႏုိင္ငံသားေတြ လာေရာက္လည္ပတ္တယ္ဆုိရင္ အခ်ိန္မေရြး အမႈဆင္ ဖမ္းဆီးခံရႏုိင္သလုိ၊ အၿမဲတမ္း ေထာက္လွမ္းေရးေတြက ေတာက္ေလွ်ာက္လုိက္ၾကည့္တာမ်ိဳး ခံရပါတယ္။

(၃) အယ္လ္ဆာေဗဒုိး
(၂၀၁၅)ခုႏွစ္ ဗင္နီဇြဲလား မတည္ၿငိမ္မႈက အိမ္နီးခ်င္းျဖစ္တဲ့ အယ္လ္ဆာေဗဒုိးကို အၾကပ္အတည္းျဖစ္ေစခဲ့ပါတယ္။ ဒီမတည္ၿငိမ္မႈဟာ အယ္လ္ဆာေဗဒုိးကုိပါ ထိခိုက္ေစခဲ့ၿပီး၊ လူသတ္မႈပမာဏႏႈန္းထား ေၾကာက္ခမန္းလိလိျမင့္တက္လာကာ လက္နက္ကုိင္ေသာင္းက်န္းတဲ့ အဖြဲ႕ေတြလည္း ေပါမ်ားလာခဲ့ပါတယ္။ (၂၀၁၆)ခုႏွစ္မွာစစ္တမ္းအရ လူတစ္သိန္းမွာ (၉၁)ေယာက္ အသက္ခံရၿပီး၊ ၿမိဳ႕ေတာ္ဆန္ဆယ္လာေဗဒုိးတစ္ခုတည္းမွာပင္ လူသတ္မႈ (၁၃၇)မႈ ျဖစ္ပြားခဲ့ပါတယ္။ စစ္တမ္းအရ ႏုိင္ငံျခားသားေတြက အဓိကပစ္မွတ္ထား တုိက္ခုိက္ျခင္း ခံရပါတယ္။

(၄) အာဖဂန္နစၥတန္
ႏုိင္ငံတြင္းမတည္ၿငိမ္မႈ၊ တာလီဘန္သူပုန္ေတြရဲ႕ အႏၱရာယ္၊ ေဒသခံလူမ်ိဳးေတြရဲ႕ ကာလရွည္ငတ္ျပတ္မႈေတြဟာ တုိင္းျပည္မတည္ၿငိမ္မႈကို ပုိၿပီးဆုိးရြာေစခဲ့ပါတယ္။ အာဖဂန္ဟာ ျပန္ေပးစြဲေငြညႇစ္မႈမွာ အျမင့္မားဆုံးႏုိင္ငံျဖစ္ၿပီး၊ အေသခံဗုံးခြဲျခင္း၊ လူသတ္မႈ စတဲ့ ရာဇဝတ္မႈေတြဟာ ေန႔စဥ္ျမင္ေနၾက ၾကားေနၾက ႐ုိးရွင္းလွတဲ့ အျဖစ္အပ်က္ေတြပါဘဲ။ လူတစ္ေယာက္ကုိ ၾကက္ကေလး ငွက္ကေလးလုိေတာင္ သေဘာမထားတဲ့ ပတ္ဝန္းက်င္ဟာ ႏုိင္ငံေဒသအေတာ္မ်ားမ်ားအတြင္းမွာ ယုိစိမ့္ေနၿပီး၊ ႏုိင္ငံျခားသား ခရီးသြားေတြအတြက္ေတာ့ မေရြးခ်ယ္သင့္တဲ့ႏုိင္ငံပါ။

(၅) အီရက္
IS သူပုန္ေတြနဲ႔ ေန႔မနားညမနား တုိက္ပြဲဝင္ေနရတဲ့ အီရက္လုိ ႏုိင္ငံမိ်ဳးမွာ ခရီးသြားလာဖုိ႔ ေရြးခ်ယ္သူဟာ အေတာ္မုိက္လုံးႀကီးရာ က်မယ္လုိ႔ သတင္းစာေတြက ေရးသားခဲ့ပါတယ္။ ျပည္သူျပည္သားၾကားမွာ IS တုိ႔ ကုိယ္ေရာင္ေဖ်ာက္ေနထုိင္ၾကျခင္းကလည္း အဆုိပါ IS အႏၱရာယ္ကို အဓြန္႔ရွည္ေနေစပါတယ္။ ႏုိင္ငံျခားသားဆုိရင္ ျပန္ေပးစြဲဖုိ႔အတြက္ အလြန္သေဘာက်တဲ့ IS ေတြဟာ ေငြညႇစ္လုိ႔မရရင္ သူလွ်ိဳ၊ အေမရိကန္သူပုန္လုိ႔ စြပ္စြဲခံရၿပီး ေသခ်ာေပါက္ အသတ္ခံရမွာပါ။

(၆) ဗဟုိအာဖရိက
ဗဟုိအာဖရိကႏုိင္ငံ (Central African Republic (CAR) ကလည္း အလြန္ကို စုိးရြားတဲ့ တုိင္းျပည္မတည္ၿငိမ္မႈ၊ လက္နက္ကုိင္တပ္ဖြဲ႕ငယ္ေတြက နယ္ေျမသတ္မွတ္ၿပီး သူတစ္လူ ငါတစ္မင္း အုပ္စုိးဗုိလ္က်ေနမႈေတြဟာ အလြန္မ်ားျပားပါတယ္။ တကၠဆက္ျပည္နယ္ေလာက္သာ အက်ယ္ရွိတဲ့ ႏုိင္ငံဆုိေပမယ့္ ရာဇဝတ္မႈျမင့္တက္ႏႈန္းဟာ အလြန္ေၾကာက္ခမန္း လိလိပါ။

လူဦးေရကလည္း ခရစ္ယာန္၊ မြတ္စလင္ဆုိၿပီး ႏွစ္ပုိင္းကြဲေနၿပီး၊ ဘာသာေရးအေၾကာင္းျပ လူသတ္ပြဲေတြကလည္း မၾကာခဏ ျဖစ္ေလ့ရွိပါတယ္။ (၂၀၁၃) ခုႏွစ္မွာ မြတ္စလင္လူမ်ိဳးေတြက ခရစ္ယာန္ေတြ ဗုိလ္က်စုိးမုိးေနတယ္ဆုိၿပီး ၿမိဳ႕ေတြရြာေတြကို စီးနင္းတုိက္ခုိက္ခဲ့ပါတယ္။ ခရစ္ယာန္ေတြက ခ်က္ခ်င္း ေခတ္မီလက္နက္တပ္ဆင္ထားတဲ့ တပ္မေတာ္ေတြ ဖြဲ႕စည္းတည္ေထာင္ခဲ့ၿပီး လက္စားေခ်တဲ့အေနနဲ႔ တန္ျပန္တုိက္ခုိက္ခဲ့ရာ အခုထိ ရန္စအဆုံးမသတ္ေသးပါဘူး။

(၇) ေတာင္ဆူဒန္
ဆူဒန္ႏုိင္ငံေတာင္ပုိင္းကလည္း သြားေရာက္လည္ပတ္ဖုိ႔မသင့္တဲ့ ေနရာပါ။ (၂၀၁၁)ခုႏွစ္မွာ ဆူဒန္ေတာင္ပုိင္း ခရစ္ယာန္အဝန္းအဝုိင္းက လြတ္လပ္ေရးေၾကျငာၿပီး ဆူဒန္ကေန ခြဲထြက္ခဲ့ပါတယ္။ ဂ်ဴဗားကုိ ၿမိဳ႕ေတာ္အျဖစ္ တည္ေထာင္ခဲ့ၿပီး၊ အစုိးရသစ္ တက္လာတဲ့အခါ ျပႆနာေတြေျပလည္မလုိ ျဖစ္ခဲ့ေပမယ့္ ပုိဆုိးခဲ့ပါတယ္။ အခုဆုိ ဆူဒန္ကို သြားမယ့္အစား ကုိယ့္ဘာသာ အဆုံးစီရင္လုိက္တာကေတာင္ သက္သာဦးမယ္ဆုိတဲ့ အေျခအေန ျဖစ္ေနပါတယ္။ အေၾကာင္းကေတာ့ မသကၤာတာနဲ႔ အကုန္ပစ္သတ္ၾကတဲ့ ဓေလ့ရွိပါတယ္။

(၈) လစ္ျဗား
စင္ၿပိဳင္အစုိးရေတြနဲ႔ သူတစ္လူငါတစ္မင္း အုပ္ခ်ဳပ္ေနတဲ့ လစ္ျဗားႏုိင္ငံကလည္း ဘယ္မွာေနေန အသက္အႏၱရာယ္စိတ္မခ်ရတဲ့ အေနအထားျဖစ္ပါတယ္။ အခ်ိန္နဲ႔အမွ် လက္နက္ကိုင္ အုပ္စုႏွစ္ရပ္ၾကားမွာ တုိက္ပြဲငယ္ကေန တုိက္ပြဲႀကီးေတြ ဆက္တုိက္ျဖစ္ပြားေနၿပီး (၂၀၁၄)ခုႏွစ္တစ္ခုတည္းမွာပင္ လူသတ္မႈ (၆၀၀၀) ျဖစ္ပြားခဲ့ပါတယ္။ ဒီအထဲမွာ အေမရိကန္သံအမတ္ J. Christopher Stevens လည္း အသတ္ခံခဲ့ရၿပီး၊ လစ္ျဗားမွာ (၃၃)ႏွစ္အတြင္း ပထမဆုံးအသတ္ခံရတဲ့ အေမရိကန္သံတမန္ ျဖစ္ခဲ့ပါတယ္။

(၉) ယီမင္
အစုိးရနဲ႔ ေဆာ္ဒီေထာက္ပံ့ထားတဲ့ သူပုန္ေတြၾကားမွာ တုိက္ပြဲေတြ အႀကီးအက်ယ္ျဖစ္ေနတဲ့အခ်ိန္ပါ။ ယီမင္ဟာ (၂၀၁၀) ေနာက္ပိုင္း တုိက္ပြဲႀကီးေတြ ဆက္တုိက္ျဖစ္ပြားခဲ့ၿပီး၊ လက္ရွိအခ်ိန္ထိလည္း သူေသကိုယ္ေသ ခ်ေနတုန္းပါဘဲ။ (၂၀၁၇)မွာ အျပန္အလွန္ဖမ္းဆီးထားတဲ့ လူေပါင္း (၁)ေသာင္းေက်ာ္ကို ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္ အႀကီးအက်ယ္လူသတ္ပြဲနဲ႔ စစ္ပြဲေတြရဲ႕ မ်က္ျမင္ဒိ႒ကို ေတြ႔ႀကဳံလုိပါက ယီမင္ကို သြားရင္မလြဲႏုိင္ဘူးလုိ႔ေတာင္ ဆုိပါတယ္။

(၁၀) ဆီးရီးယား
အားလုံးသိတဲ့အတုိင္း ဆီးရီးယားမွာ သမၼတအာဆက္ရဲ႕ အစိုးရလက္နက္ကိုင္ တပ္ဖြဲ႕နဲ႔ အေမရိကန္က ေက်ာေထာက္ေနာက္ခံျပဳထားတယ္လုိ႔ ယူဆရတဲ့ လက္နက္ကိုင္သူပုန္ေတြရဲ႕ တုိက္ပြဲဟာ အရွိန္အဟုန္ျမင့္ေနပါတယ္။ ဆီးရီးယားအစုိးရဘက္က ႐ုရွရွိေနၿပီး၊ မၾကာခဏဆုိသလုိ လက္နက္ကိုင္ေတြက်က္စားရာ ၿမိဳ႕ရြာေတြကို ႐ုရွဗုံးက်ဲေလယာဥ္ေတြနဲ႔ ဆီးရီးယားေလတပ္က အပ်င္းေျပ လာလာၿပီး ဗုံးခ်ဲေလ့ရွိပါတယ္။ ဒါက ေန႔စဥ္ေတြ႔ေနက် အေပ်ာ္သေဘာသာ ရွိေသးၿပီး၊ တစ္ခါတစ္ေလ နာရီပုိင္းအတြင္း တစ္ၿမိဳ႕လုံးမြစာက်ဲေအာင္ တုိက္ခုိက္ခံရေလ့ရွိပါတယ္။

နတ္စည္ေတာ္ (Shwemom)


============================

ခရီးသွားတဲ့အခါမှာ သွားရောက်လည်ပတ်ဖို့ သင့်တဲ့ နိုင်ငံတွေရှိသလို၊ သွားရောက်လည်ပတ်ဖို့ စိတ်ကူးထဲတောင် မထည့်သင့်တဲ့နိုင်ငံတွေလည်း အများကြီးပါဘဲ။ အောက်မှာ ဖော်ပြထားတာတွေကတာ့ အသက်အန္တရာယ်ကြောင့် သွားရောက်လည်ပတ်ဖို့ မသင့်တဲ့(၁၀)နိုင်ငံကို ဖော်ပြထားတာပါ။

(၁) ဗင်နီဇွဲလား

ဗင်နီးဇွဲလားဟာ သိပ်ကိုလှပတဲ့ တောတောင်ရေမြေနဲ့ သဘာဝရှုခင်းတွေကို ပိုင်ဆုုိင်ထားတဲ့ တိုင်းပြည်ပါ။ ဒါပေမယ့် တိုင်းပြည်မငြိမ်သက်မှုကြောင့် အနာဂတ်မှာ ပြည်တွင်းစစ်ဖြစ်ဖို့ အလားအလာတွေ အလွန်များနေပါတယ်။ တိုင်းပြည်ရဲ့ စနစ်ဆိုးကြောင့် အခြေံလူတန်းစားတွေဟာ ငတ်ပြတ်နေကြပြီး၊ ဒီငတ်ပြတ်ခြင်းကပင်လျှင် လူသတ်ဓားပြမှုတွေရဲ့ အဓိက အကြောင်းပြချက် ဖြစ်နေပါတယ်။

တိုင်းပြည်မငြိမ်လို့ လက်နက်ကိုင်လှုပ်ရှားသူတွေနဲ့ အစိုးရကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် (၂၀၁၇) ခုနှစ်တစ်ခုတည်းမှာပင် လူသေမှု (၄၄)မှု၊ (၂၀၁၅)ခုနှစ်မှ ယခုအချိန်ထိ လူသတ်မှု (၂၈၈၇၅)မှု ဖြစ်ပွားခဲ့ပါတယ်။ မူးယစ်ရာဇဝတ်ဂိုဏ်းတွေကလည်း သူတစ်လူ ငါတမင်းချယ်လှယ်အုပ်ချုပ်နေကြပြီး၊ ခရီးသွားတစ်ယောက်အတွက် လုံခြုံတဲ့နိုင်ငံမဟုတ်ပါဘူး။

(၂) မြောက်ကိုရီးယား

မြောက်ကိုရီးယားဟာ သာမန်အားဖြင့် နိုင်ငံရဲ့ ချွတ်ချုံကျနနေတဲ့ ဘဏ္ဍာရေးအခြေအနေအရ ခရီးသွားတွေကို မျှော်နေရတဲ့နိုင်ငံပါ။ ဒီလိုပဲ ခရီးသွားတွေ သွားရောက်မှု အနည်းဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။ အခြေအနေအရ မြောက်ကိုရီးယားမှာ ရောက်သွားသူတွေဟာ အချိန်မရွေး ပြန်ပေးဆွဲခံရနိုင်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ လာရောက်လည်ပတ်တယ်ဆိုရင် အချိန်မရွေး အမှုဆင် ဖမ်းဆီးခံရနိုင်သလို၊ အမြဲတမ်း ထောက်လှမ်းရေးတွေက တောက်လျှောက်လိုက်ကြည့်တာမျိုး ခံရပါတယ်။

(၃) အယ်လ်ဆာဗေဒိုး

(၂၀၁၅)ခုနှစ် ဗင်နီဇွဲလား မတည်ငြိမ်မှုက အိမ်နီးချင်းဖြစ်တဲ့ အယ်လ်ဆာဗေဒိုးကို အကြပ်အတည်းဖြစ်စေခဲ့ပါတယ်။ ဒီမတည်ငြိမ်မှုဟာ အယ်လ်ဆာဗေဒိုးကိုပါ ထိခိုက်စေခဲ့ပြီး၊ လူသတ်မှုပမာဏနှုန်းထား ကြောက်ခမန်းလိလိမြင့်တက်လာကာ လက်နက်ကိုင်သောင်းကျန်းတဲ့ အဖွဲ့တွေလည်း ပေါများလာခဲ့ပါတယ်။ (၂၀၁၆)ခုနှစ်မှာစစ်တမ်းအရ လူတစ်သိန်းမှာ (၉၁)ယောက် အသက်ခံရပြီး၊ မြို့တော်ဆန်ဆယ်လာဗေဒိုးတစ်ခုတည်းမှာပင် လူသတ်မှု (၁၃၇)မှု ဖြစ်ပွားခဲ့ပါတယ်။ စစ်တမ်းအရ နိုင်ငံခြားသားတွေက အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံရပါတယ်။

(၄) အာဖဂန်နစ္စတန်

နိုင်ငံတွင်းမတည်ငြိမ်မှု၊ တာလီဘန်သူပုန်တွေရဲ့ အန္တရာယ်၊ ဒေသခံလူမျိုးတွေရဲ့ ကာလရှည်ငတ်ပြတ်မှုတွေဟာ တိုင်းပြည်မတည်ငြိမ်မှုကို ပိုပြီးဆိုးရွာစေခဲ့ပါတယ်။ အာဖဂန်ဟာ ပြန်ပေးစွဲငွေညှစ်မှုမှာ အမြင့်မားဆုံးနိုင်ငံဖြစ်ပြီး၊ အသေခံဗုံးခွဲခြင်း၊ လူသတ်မှု စတဲ့ ရာဇဝတ်မှုတွေဟာ နေ့စဉ်မြင်နေကြ ကြားနေကြ ရိုးရှင်းလှတဲ့ အဖြစ်အပျက်တွေပါဘဲ။ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးလိုတောင် သဘောမထားတဲ့ ပတ်ဝန်းကျင်ဟာ နိုင်ငံဒေသအတော်များများအတွင်းမှာ ယိုစိမ့်နေပြီး၊ နိုင်ငံခြားသား ခရီးသွားတွေအတွက်တော့ မရွေးချယ်သင့်တဲ့နိုင်ငံပါ။

(၅) အီရက်

IS သူပုန်တွေနဲ့ နေ့မနားညမနား တိုက်ပွဲဝင်နေရတဲ့ အီရက်လို နိုင်ငံမျိုးမှာ ခရီးသွားလာဖို့ ရွေးချယ်သူဟာ အတော်မိုက်လုံးကြီးရာ ကျမယ်လို့ သတင်းစာတွေက ရေးသားခဲ့ပါတယ်။ ပြည်သူပြည်သားကြားမှာ IS တို့ ကိုယ်ရောင်ဖျောက်နေထိုင်ကြခြင်းကလည်း အဆိုပါ IS အန္တရာယ်ကို အဓွန့်ရှည်နေစေပါတယ်။ နိုင်ငံခြားသားဆိုရင် ပြန်ပေးစွဲဖို့အတွက် အလွန်သဘောကျတဲ့ IS တွေဟာ ငွေညှစ်လို့မရရင် သူလျှို၊ အမေရိကန်သူပုန်လို့ စွပ်စွဲခံရပြီး သေချာပေါက် အသတ်ခံရမှာပါ။

(၆) ဗဟိုအာဖရိက
ဗဟိုအာဖရိကနိုင်ငံ (Central African Republic (CAR) ကလည်း အလွန်ကို စိုးရွားတဲ့ တိုင်းပြည်မတည်ငြိမ်မှု၊ လက်နက်ကိုင်တပ်ဖွဲ့ငယ်တွေက နယ်မြေသတ်မှတ်ပြီး သူတစ်လူ ငါတစ်မင်း အုပ်စိုးဗိုလ်ကျနေမှုတွေဟာ အလွန်များပြားပါတယ်။ တက္ကဆက်ပြည်နယ်လောက်သာ အကျယ်ရှိတဲ့ နိုင်ငံဆိုပေမယ့် ရာဇဝတ်မှုမြင့်တက်နှုန်းဟာ အလွန်ကြောက်ခမန်း လိလိပါ။

လူဦးရေကလည်း ခရစ်ယာန်၊ မွတ်စလင်ဆိုပြီး နှစ်ပိုင်းကွဲနေပြီး၊ ဘာသာရေးအကြောင်းပြ လူသတ်ပွဲတွေကလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။ (၂၀၁၃) ခုနှစ်မှာ မွတ်စလင်လူမျိုးတွေက ခရစ်ယာန်တွေ ဗိုလ်ကျစိုးမိုးနေတယ်ဆိုပြီး မြို့တွေရွာတွေကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ခရစ်ယာန်တွေက ချက်ချင်း ခေတ်မီလက်နက်တပ်ဆင်ထားတဲ့ တပ်မတော်တွေ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်စားချေတဲ့အနေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့ရာ အခုထိ ရန်စအဆုံးမသတ်သေးပါဘူး။

(၇) တောင်ဆူဒန်

ဆူဒန်နိုင်ငံတောင်ပိုင်းကလည်း သွားရောက်လည်ပတ်ဖို့မသင့်တဲ့ နေရာပါ။ (၂၀၁၁)ခုနှစ်မှာ ဆူဒန်တောင်ပိုင်း ခရစ်ယာန်အဝန်းအဝိုင်းက လွတ်လပ်ရေးကြေငြာပြီး ဆူဒန်ကနေ ခွဲထွက်ခဲ့ပါတယ်။ ဂျူဗားကို မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး၊ အစိုးရသစ် တက်လာတဲ့အခါ ပြဿနာတွေပြေလည်မလို ဖြစ်ခဲ့ပေမယ့် ပိုဆိုးခဲ့ပါတယ်။ အခုဆို ဆူဒန်ကို သွားမယ့်အစား ကိုယ့်ဘာသာ အဆုံးစီရင်လိုက်တာကတောင် သက်သာဦးမယ်ဆိုတဲ့ အခြေအနေ ဖြစ်နေပါတယ်။ အကြောင်းကတော့ မသင်္ကာတာနဲ့ အကုန်ပစ်သတ်ကြတဲ့ ဓလေ့ရှိပါတယ်။

(၈) လစ်ဗြား

စင်ပြိုင်အစိုးရတွေနဲ့ သူတစ်လူငါတစ်မင်း အုပ်ချုပ်နေတဲ့ လစ်ဗြားနိုင်ငံကလည်း ဘယ်မှာနေနေ အသက်အန္တရာယ်စိတ်မချရတဲ့ အနေအထားဖြစ်ပါတယ်။ အချိန်နဲ့အမျှ လက်နက်ကိုင် အုပ်စုနှစ်ရပ်ကြားမှာ တိုက်ပွဲငယ်ကနေ တိုက်ပွဲကြီးတွေ ဆက်တိုက်ဖြစ်ပွားနေပြီး (၂၀၁၄)ခုနှစ်တစ်ခုတည်းမှာပင် လူသတ်မှု (၆၀၀၀) ဖြစ်ပွားခဲ့ပါတယ်။ ဒီအထဲမှာ အမေရိကန်သံအမတ် J. Christopher Stevens လည်း အသတ်ခံခဲ့ရပြီး၊ လစ်ဗြားမှာ (၃၃)နှစ်အတွင်း ပထမဆုံးအသတ်ခံရတဲ့ အမေရိကန်သံတမန် ဖြစ်ခဲ့ပါတယ်။

(၉) ယီမင်

အစိုးရနဲ့ ဆော်ဒီထောက်ပံ့ထားတဲ့ သူပုန်တွေကြားမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတဲ့အချိန်ပါ။ ယီမင်ဟာ (၂၀၁၀) နောက်ပိုင်း တိုက်ပွဲကြီးတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်ထိလည်း သူသေကိုယ်သေ ချနေတုန်းပါဘဲ။ (၂၀၁၇)မှာ အပြန်အလှန်ဖမ်းဆီးထားတဲ့ လူပေါင်း (၁)သောင်းကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အကြီးအကျယ်လူသတ်ပွဲနဲ့ စစ်ပွဲတွေရဲ့ မျက်မြင်ဒိဋ္ဌကို တွေ့ကြုံလိုပါက ယီမင်ကို သွားရင်မလွဲနိုင်ဘူးလို့တောင် ဆိုပါတယ်။

(၁၀) ဆီးရီးယား

အားလုံးသိတဲ့အတိုင်း ဆီးရီးယားမှာ သမ္မတအာဆက်ရဲ့ အစိုးရလက်နက်ကိုင် တပ်ဖွဲ့နဲ့ အမေရိကန်က ကျောထောက်နောက်ခံပြုထားတယ်လို့ ယူဆရတဲ့ လက်နက်ကိုင်သူပုန်တွေရဲ့ တိုက်ပွဲဟာ အရှိန်အဟုန်မြင့်နေပါတယ်။ ဆီးရီးယားအစိုးရဘက်က ရုရှရှိနေပြီး၊ မကြာခဏဆိုသလို လက်နက်ကိုင်တွေကျက်စားရာ မြို့ရွာတွေကို ရုရှဗုံးကျဲလေယာဉ်တွေနဲ့ ဆီးရီးယားလေတပ်က အပျင်းပြေ လာလာပြီး ဗုံးချဲလေ့ရှိပါတယ်။ ဒါက နေ့စဉ်တွေ့နေကျ အပျော်သဘောသာ ရှိသေးပြီး၊ တစ်ခါတစ်လေ နာရီပိုင်းအတွင်း တစ်မြို့လုံးမွစာကျဲအောင် တိုက်ခိုက်ခံရလေ့ရှိပါတယ်။

နတ်စည်တော် (Shwemom)